ယူကရိန်းပဋိပက္ခဟာ တာရှည်မယ့် အလားအလာရှိနေပြီး တစ်နှစ်ကျော်ကြာလာတာနဲ့အမျှ ရုရှားနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ အရှေ့ဥရောပနိုင်ငံတွေဟာ ရုရှားရဲ့ ရည်ရွယ်ချက်အစစ်အမှန်တွေကို စိုးရိမ်စိတ်တွေ ပိုလာပြီး အနောက်အုပ်စုနဲ့ ပိုမိုနီးကပ်လာပါတော့တယ်။ အမေရိကန်ဟာ ပြီးခဲ့တဲ့အပတ်အတွင်းက ဘော်လ်တစ်နိုင်ငံတွေဆီကို ၎င်းရဲ့တပ်ဖွဲ့ဝင်သုံးထောင် စေလွှတ်ပြီး စစ်ရေးလေ့ကျင့်မှုတွေမှာ ပါဝင်စေမယ်လို့ ကြေညာလိုက်တာဟာလည်း ရုရှားကို သတိပေးမှုတစ်မျိုး ဖြစ်လာခဲ့ပါတယ်။ ရုရှားရဲ့ အိမ်နီးချင်းဖြစ်တဲ့ လစ်သူယေးနီးယားဟာ ရုရှားကျူးကျော်မှုကို သမိုင်းမှာ နှစ်ကြိမ်ခံခဲ့ရပြီး ပထမအကြိမ်ကတော့ ၁၉၄၀ က ဆိုဗီယက်ယူနီယံထဲကို ရောက်ရှိသွားချိန်ဖြစ်ပြီး ဒုတိယအကြိမ်ကတော့ ၁၉၉၁ မှာ ဆိုဗီယက်ကနေ ခွဲထွက်မယ်လုပ်တော့ ဆိုဗီယက်တပ်တွေ မြို့တော်ဗီလီနပ်စ်ကို ၀င်လာပြီး လူဒါဇင်ခန့်ကို သတ်ဖြတ်ခဲ့ချိန်ဖြစ်ပါတယ်။ အခုတော့ လစ်သူယေးနီးယားဟာ ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာပဲ ဆိုဗီယက်မှခွဲထွက်ပြီး လွတ်လပ်ရေးရတာ ၂၅ နှစ်တိုင်ခဲ့ပြီဖြစ်ပါတယ်။ အီးယူ၊ အမေရိကန်တို့ နဲ့ မဟာမိတ်ဖွဲ့မှုတွေ ရှိလာခဲ့ပါပြီ။ ဒါကြောင့် စီအင်န်အင်န်မှ ခရစ်ကျန်းအမမ်ပူရ်က လစ်သူယေးနီးယားသမ္မတ မစ္စဒါလီယာဂရီဘော်စကိုက်တ်ကို ဆက်သွယ်မေးမြန်းထားတာတွေ ပြန်လည်ဖော်ပြလိုက်ပါတယ်။
မေး- အခုဆိုရင် လစ်သူယေးနီးယားလွတ်လပ်ရေးရတာ ၂၅ နှစ်ရှိခဲ့ပါပြီ။ သမ္မတကြီးအနေနဲ့ ဆိုဗီယက်ယူနီယံနဲ့ ရုရှားနဲ့ ပြဿနာဖြစ်မယ်။ စစ်ဖြစ်နိုင်မယ့် အလားအလာကို ရင်ဆိုင်ရမယ်လို့ တွေးမိဖူးပါသလား။ ဒီနေရာမှာပဲ အမြဲရှိလိမ့်မယ်လို့ တွေးဖူးပါသလားရှင့်။
ဖြေ- တစ်ခါမှ မတွေးဖူးပါဘူး။ တကယ်ပါ။ ကျွန်မတို့အတွက် ဒီ ၂၅ နှစ်ဟာ တော်တော့်ကို အရေးကြီးပါတယ်။ လွတ်လပ်ရေးဟာ ထာဝရဖြစ်တယ်။ လွတ်လပ်မှုရတာဟာလည်း ထာဝရလို့ပဲ ကျွန်မတို့ တွေးခဲ့တယ်။ ဒါပေမဲ့ နေ့စဉ်နေ့တိုင်းတော့ လွတ်လပ်ရေးအတွက် ကျွန်မတို့ တိုက်ပွဲဝင်ဖို့ လိုအပ်နေတဲ့ပုံပေါ်ပါတယ်။ အထူးသဖြင့် အခုလိုအချိန်မှာတောင် ကျွန်မတို့ဟာ သူတို့ (ရုရှား)ရဲ့ ဆိုဗီယက်ခေတ်လွန် နယ်ချဲ့ဝါဒက နယ်စပ်တွေမှာဖြစ်လာနေတာကို မြင်နေရပါတယ်။ နေ့တိုင်းပဲ ဒါဟာ တိုက်ပွဲတစ်ခုဖြစ်နေဆဲပါ။
မေး- ဒီလိုမျိုး ဥရောပစစ်ပူမိပြီး တကယ့်တင်းမာမှုမျိုးနဲ့ ဆိုးရွားလွန်းတဲ့ အချိန်အတွင်းမှာ ဘော်လ်တစ်ဒေသထဲမှာလည်း ရုရှားဘက်က ရန်စမှုတွေ တော်တော်လေး များလာခဲ့ပါတယ်။ လစ်သူယေးနီးယားမှာကော မကြာသေးခင်အတွင်း နိုင်ငံ မြေ၊ ရေ၊ လေပိုင်နက်တွေကို ရုရှားတွေဘက်က ချိုးဖောက်မှုတွေ ရှိခဲ့ပါသလား။
ဖြေ- တကယ်ပဲ ရှိခဲ့ပါတယ်။ ဒီ ၂၅ နှစ်အတွင်းမှာပဲ ကျွန်မတို့ ဖိအားတစ်မျိုးမျိုးနဲ့ နိုင်ငံတကာဥပဒေချိုးဖောက်ခံရမှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အများကြီး အံ့သြစရာတော့ မရှိပါဘူး။ ခုတော့ ပိုတင်းမာလာပြီး စစ်ရေးခြိမ်းခြောက်မှုတွေရတယ်၊ ၂၄ နာရီ တပ်ချပြီး ကြေညာထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေရယ်နဲ့ ကီလင်ဂရတ်က ကျွန်မတို့နယ်စပ်မှာ အသင့်ပြင်ထားပြီး လေပိုင်နက်ကလည်း မကြာခဏဆိုသလို အမည်မသိလေယာဉ်တွေ ဖြတ်ပျံသန်းမှုတွေနဲ့ ခြိမ်းခြောက်နှောင့်ယှက်ခံနေရပါပြီ။ ဒါပေမဲ့ အဲဒါ ကျွန်မတို့ကို ဆန့်ကျင်လုပ်တာတော့ မဟုတ်ပါဘူး။ ဥရောပသမဂ္ဂတစ်ခုလုံးကို ဆန့်ကျင်တာပါ။ ဘော်လ်တစ်ဒေသတစ်ခုလုံးကိုပါ။ ဒါဟာ ဖြစ်နေတဲ့ အချက်အလက်ပါ။ အနောက်တိုင်းဟာ ရင်ဆိုင်ဖို့လိုနေပြီး အရေးတကြီး ကိုင်တွယ်ရပါမယ်။
မေး- ဒါဆိုရင် အမေရိကန်ပြည်ထောင်စုကလည်း ဘော်လ်တစ်နိုင်ငံတွေထဲမှာ သူ့ရဲ့ တပ်ဖွဲ့ဝင်သုံးထောင်ကို ချထားမယ်။ သမ္မတကြီးတို့ တိုင်းပြည်နဲ့ တခြားဘော်လ်တစ်နိုင်ငံတွေထဲမှာလည်း စစ်သုံးယာဉ်အစီးရေ တစ်ထောင်လောက်ထားမယ်လို့ သတင်းတွေ ထွက်လာပါတယ်။ ဒီသတင်းကို ဘယ်လိုတုံ့ပြန်ဖို့ရှိပါသလဲ။
ဖြေ- အလွန်ကို အပြုသဘောဆောင်ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ အဖြေကတော့ ဒီနေ့မှာ ဥရောပလွတ်လပ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တိုက်ပွဲဝင်တာဟာ ယူကရိန်းနယ်မြေပေါ်မှာ ဖြစ်နေပါတယ်။ ယူကရိန်းမှာ ပူတင်ကို ကျွန်မတို့ မရပ်တန့်နိုင်ဘူးဆိုရင် သူ ကျွန်မတို့ နယ်စပ်ပေါ်ကို ရောက်လာမယ်။ နေတိုးအဖွဲ့ဝင်နိုင်ငံတွေရဲ့ နယ်စပ်တွေထိ ရောက်လာပါလိမ့်မယ်။ ဒီနေ့ကာလမှာ အမေရိကန်က ဘော်လ်တစ်ဒေသကို ထောက်ပံ့မှုအများကြီးလုပ်တာ၊ သဘောတူညီချက်တွေကို အရေးတယူလုပ်ဆောင်လာတာတွေဟာ တော်တော်ကို ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်မတို့အနေနဲ့ ကိုယ့်နယ်စပ်တွေမှာ မဟုတ်ဘဲ ယူကရိန်းမှာ ပူတင်ကို ဘယ်လိုရပ်တန့် အောင်လုပ်မလဲဆိုတာ ဆက်စဉ်းစားဖို့ လိုနေပါတယ်။
မေး- ဟုတ်ကဲ့။ အရှေ့ဥရောပမှာ နေတိုးရဲ့ နောက်ဆုံးပေါ် စစ်အခြေစိုက်စခန်းတွေကို မြေပုံမှာကြည့်လိုက်တော့ မေးချင်တာက သမ္မတကြီးက ပူတင့်အကြောင်းကို သိတယ်။ ရုရှားနိုင်ငံအကြောင်းကိုလည်း သိတယ်ဆိုတော့ ရုရှားရဲ့ ကျူးကျော်မှုတွေဟာ နေတိုးလုပ်တာတွေကို ပြန်တုံ့ပြန်နေတာ သေချာပါသလား။
ဖြေ- သူဘာတွေကို စဉ်းစားနေပြီး ဘယ်လောက်သေချာနေတယ်ဆိုတာကို ပြောဖို့သိပ်ခက်ပါတယ်။ ဒါပေမဲ့ သူ့အနေနဲ့ နေတိုးကို စမ်းနေတာ။ ဆွပေးနေနိုင်တာဆိုတဲ့ အန္တရာယ်က ဒီမှာ ရှိနေဆဲပါ။ ကျွန်မပြောဖူးသလိုပါပဲ။ ယူကရိန်းပိုင်နက်ထဲမှာ ဒီနေ့တော့ စမ်းသပ်တာကို သူလုပ်နေပါတယ်။ ကျွန်မတို့မှာ ခေါင်းဆောင်မှုချို့တဲ့ရင်၊ ယူကရိန်းကို ထောက်ခံပံ့ပိုးမှု ချို့တဲ့ရင် သူဟာ ကျွန်မတို့ကို စမ်းသပ်ကြည့်လာမှာ သေချာပေါက် ပြောရဲပါတယ်။
မေး- ပူတင်ဟာ ခရိုင်းမီးယားကို ရုရှားထဲ ပြန်သိမ်းသွင်းဖို့ တွေးနေခဲ့မိတဲ့အကြောင်း မကြာမီက ၀န်ခံခဲ့ပါတယ်။ သူ့မှာ ဒီလိုအစီအမံရှိတာကို သူတို့နောက်ပိုင်း ငြင်းပေမယ့်လည်း ရှိခဲ့ပါပြီ။ ဒီအချက်ကို သမ္မတကြီး အံ့သြမိပါသလား။
ဖြေ- ဟင့်အင်း။ ကျွန်မ မအံ့သြပါ ဘူး။ သူ့ရဲ့ ပုဂ္ဂိုလ်ရေး အားထုတ်ချက်ဖြစ်တဲ့ ရုရှားရဲ့ ဆိုဗီယက်ခေတ်ဂုဏ်သိက္ခာကြီးကို ပြန်ယူရေး၊ တကယ်တော့ ရုရှားနယ်ချဲ့ဝါဒပါပဲ။ အဲဒါကို သူ့ရဲ့နယ်မြေထဲမှာရော အိမ်နီးချင်းနိုင်ငံတွေထဲမှာ ပြန်တည်ထောင်ချင်နေတာပါ။ သူ့အတွက်က ဆိုဗီယက်ခေတ်ကြီး ပြိုလဲသွားတော့ အဲဒီဆိုဗီယက်ခေတ်ကို ပြန်လွမ်းတာပါပဲ။ ဒီတော့ ဒါဟာ အံ့သြစရာတော့ မဟုတ်ပါဘူး။ သူက အခွင့်အလမ်းကိုယူပြီး အသုံးချသွားခဲ့တာပါ။
မေး- အနောက်နိုင်ငံတွေဟာ သိပ်မှားခဲ့တယ်လို့ သမ္မတကြီးက ဘယ်လို တွေးမိခဲ့တာလဲ။ ဘာကြောင့်ဘယ်နိုင်ငံကမှ ပူတင်နဲ့ သူ့ရဲ့ရည်ရွယ်ချက်တွေကို မတွက်ချက်နိုင်ခဲ့ရတာလဲ။
ဖြေ- အခုလို အချိန်မျိုးမှာတောင် ကျွန်မထင်တာကတော့ ကျွန်မတို့ဟာ အခြေအနေကို အရေးတကြီးသုံးသပ်ဖို့ စိတ်ဆန္ဒမရှိတာ၊ မသိ ကျိုးကျွန်ပြုနေတာကို တစ်ထပ်တည်း လုပ်နေတုန်းပါပဲ။ တချို့သော အနောက်နိုင်ငံခေါင်းဆောင်တွေအတွက်လည်း မမြင်ချင်ယောင်ဆောင်တာ၊ နားလည်ဖို့ မကြိုးစားတာ၊ ဆုံးဖြတ်ချက်တွေ ချမှတ်ရမှာကို ရှောင်ကြဉ်ချင်တာကလည်း ပိုလွယ်ပိုကောင်းနေတယ်လေ။ ဒါပေမဲ့ ပြဿနာက ကျွန်မတို့အနေနဲ့ ဆုံးဖြတ်ချက်တွေကို နှောင့်နှေးနေမယ်ဆိုရင် ပူတင်ကို တခြားနိုင်ငံတွေရဲ့ ပိုင်နက်တွေဆီ ပိုပြီးနယ်ချဲ့လာစေဖို့ ခွင့်ပြုချိန်ပိုရှည်လာပါမယ်။ ကျူးကျော်မှုအင်အားသုံးလာတာ၊ လိမ်ညာတာ၊ နိုင်ငံတကာလိုက်နာရမယ့် အချက်တွေကို အလွဲသုံးစားလုပ်တာတွေ ဖြစ်လာမယ်။ အနောက်တိုင်းထဲမှာပဲ ကျွန်မတို့ဟာ ပိုပြီးအန္တရာယ်ကြီးလာမယ်။ သူလည်း အန္တရာယ်ပိုကြီးတဲ့သူ ဖြစ်လာပါမယ်။
မေး- ဒီလိုဖြစ်လာတဲ့အတွက်ကြောင့် သမ္မတကြီးဟာ နိုင်ငံတွင်းမှာ စစ်မှုမထမ်းမနေရ ဥပဒေကို ပြန်အသက်သွင်းခဲ့တာလား။ ဒီလိုလုပ်တာ ဘာတွေ ထူးခြားသွားမယ်လို့ သမ္မတကြီး ထင်မြင်မိပါသလဲ။ ဒီဥပဒေက ဟန်ပြပဲလား။ တကယ်လား။ ဘာတွေကို စိုးရိမ်ခဲ့လို့ပါလဲ။
ဖြေ- ကျွန်မထင်တာ နှစ်ခုစလုံးပါပဲ။ ကျွန်မတို့မှာ စစ်မှုထမ်းဖို့ တက်ကြွပြီး အဆင်သင့်ဖြစ်နေတဲ့ အရန်တပ်ဖွဲ့လိုနေပါတယ်။ ဒါကြောင့် စစ်မှုထမ်းဥပဒေပြဋ္ဌာန်းဖို့ ပြင်ဆင်တာပါ။ ပြီးတော့လည်း နေတိုးရဲ့ ဆုံးဖြတ်ချက်ချမှတ်တဲ့ဖြစ်စဉ်က အမြန်ဆုံး တုံ့ပြန်မှုစစ်ဆင်ရေးတွေမှာတောင်မှ ၇၂ နာရီ (သုံးရက်လောက်) အချိန်ယူရတယ်ဆိုတာ သိထားပါတယ်။ ဒါကြောင့် ပြီးခဲ့တဲ့နိုဝင်ဘာကရှိပြီး လူနှစ်သောင်းခွဲနဲ့ အမြန်တုံ့ပြန်စစ်ဆင်နိုင်တဲ့ တပ်ဖွဲ့တွေကို ကျွန်မတို့ကိုယ်တိုင် ဖန်တီးခဲ့ရပါတယ်။ ကျွန်မတို့ မိတ်ဆွေတွေ ရောက်မလာခင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းရှိချင်ပါတယ်။
ဒါပေမဲ့ ကျွန်မတို့ အခုဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့လည်း မိတ်ဆွေတွေဖြစ်ဖို့ နှစ်ဖက်ဆွေးနွေးမှုနဲ့ ညှိနှိုင်းမှုတွေလည်း လုပ်နေပါတယ်။ နေတိုးဘက်ကလည်း မဟာမိတ်လုပ်ရေး ဆုံးဖြတ်ချက်ကို လုပ်တော့မှာဆိုပေမယ့် ကြိုလုပ်နေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က ဘော်လ်တစ်ဒေသထဲမှာ ကြီးမားတဲ့နိုင်ငံကြီးတွေလည်း မဟုတ်ကြပါဘူး။ အဆင်သင့်ဖြစ်နေတာ သေချာဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ရပါမယ်။ အဲဒါကသာလျှင် ကျွန်မတို့ဘ၀တွေအတွက် စိတ်ဓာတ်ပိုင်းတာဝန်ယူမှု ရစေမှာဖြစ်ပါတယ်။
—Ref: Lithuanian President Fights for Freedom : CNN: March 13
ကျော်မျိုး
Source:7daydaily.com
သုဘရာဇာကို တုန်လှုပ်သွားစေခဲ့တဲ့ သေရွာပြန် အမျိုးသမီး
လက်ရှိရည်းစားနဲ့ ရည်းစားဟောင်း နှစ်ဦးစလုံး မြစ်ထဲခုန်ချခဲ့တာကြောင့် ဘယ်သူ့ကယ်ရမှန်းမသိ အကျပ်ရိုက်ခဲ့တဲ့ အမျိုးသား
ဖက်ရှင်ကို အလွန်အမင်း အရေးပေးလာတဲ့ နယူးရော့ခ်ကို သရော်တဲ့အနေနဲ့ ကိုယ်တုံးလုံးပုံတွေချည်း ရိုက်ကူးထားတဲ့ ဓာတ်ပုံစာအုပ်တစ်အုပ် ထွက်ရှိ
ခေတ်စားနေတဲ့ စုံတွဲများ စုပေါင်း ကာမဆက်ဆံခြင်း
လက်တင်အမေရိကမှာ လူမြင်ကွင်း ကလေးနို့ရည်တိုက်ကျွေးခြင်း တားမြစ်ပါက ဒဏ်ငွေရိုက်မယ့်ဥပဒေပြဌာန်း
မကျွမ်းကျင်သေးတဲ့ လက်သည်းအလှပြုပြင်သူကြောင့် လက်သည်းခွံတွေ ဖယ်ရှားလိုက်ရတဲ့ မော်ဒယ်လ် အမျိုးသမီး
အတင်းဓမ္မပြုကျင့်ဖို့ ကြိုးစားသူရဲ့ တန်ဆာကို ပါးစပ်နဲ့ ကိုက်ဖြတ်
ထိုင်းနိုင်ငံမှာ “ရင်သားအောက်ပိုင်းတစ်ဝက်ပေါ် Selfie” ရိုက်တဲ့ အမျိုးသမီးတွေ ထောင်ဒဏ် (၅) နှစ်ကျခံရမယ်လို့ သိရ
ဈာပန အခမ်းအနားရောက်မှ အမေ မသေသေးတာ သိလိုက်ရတဲ့ သားသမီးများ
အိန္ဒိယနိုင်ငံမှာ နှလုံးက ခန္ဓာကိုယ်အပြင်ဘက် ငေါထွက်နေတဲ့ ကလေးမွေးဖွား
အမျိုးသားတွေကို စတာလင်ပေါင် ၃၅၀ ပေးပြီး သူမကို ကိုယ်ဝန်ရရှိအောင် ပြုလုပ်ပေးဖို့ ကမ်းလှမ်းခဲ့တဲ့ အမျိုးသမီး
အိမ်ဝယ်မယ်ဆိုရင်အိမ်ရှင်အမျို သမီးကသူ့ကိုအလကားရမယ်တဲ့
ချစ်တင်းနှီးနှောနေစဉ်လိင်အင်္ဂါကျိုးပျက်သွားတဲ့အမျိုးသား
၁၁နှစ်သားနဲ့ ၁၅နှစ်သမီးကိုသတ်ပြီးရေခဲသေတ္တာထဲထည့်သိမ်းထားတဲ့မိခင်ဖမ်းခံရ
မိဘနှစ်ပါးကိုချက်ပြုတ်စားသောက်တဲ့သားမိုက်
ဈေးဝယ်ဖောက်သည်လုရာမှ သုံးလောင်းပြိုင်လူသတ်မှုဖြစ်ပွါး
မလေးရှားသွားမည့် ရထားပေါ်တွင် တရားမ၀င်မြန်မာ ၇၆ ဦးကို ထိုင်းရဲ ဖမ်းဆီး
မျက်နှာမှာ ဆင်နှာမောင်း ပုံစံရှိနေ တာမို့ ဟိန္ဒူ နတ်ဘုရားမှ ဖန်ဆင်းထားသူ အဖြစ် ယုံကြည်နေကြ
ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို လှူဒါန်းသွား ခဲ့တဲ့ အသက် (၁၁) နှစ်အရွယ် ကလေးငယ်
ရှုတင်မှာ ဘတ္ထရီတုံး ခေါင်းပေါ်ပြုတ်ကျလို့ ခေါင်းပေါက်သွားခဲ့တဲ့ သွန်းဆက်က သင်္ကြန်ကို အိမ်မှာနားဖြစ်မယ်လို့ ဆို
ဗီဒီယိုပိုင်းမှာ စိတ်တိုင်းမကျတဲ့ အပိုင်းလေးတွေကြောင့် ကားရိုက်လျော့ချလိုက်တဲ့ မိုးယုစံ
မဏ္ဍပ်ထိုင်ဖြစ်ရင် Alpine မဏ္ဍပ်မှာပဲ ရှိပါမယ်လို့ ဆိုလိုက်တဲ့ နန်းဆုဦး
.jpg)
0 comments:
Post a Comment