တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦး ယာဉ်တိမ်းမှောက်မှုကြောင့် သေဆုံး


 ပုလဲ-ဂန့်ဂေါသွား ကားလမ်းမကြီးပေါ်၌ ယခုလ(၂)ရက်နေ့ နံနက် (၇း၃၀ ) နာရီအချိန်တွင် မန္တလေးမှ တမူးမြို့သို့ ထွက်ခွာ လာသည့် ကားတစ်စီး အရှိန်မထိန်း နိုင်ဘဲ လမ်းဘေးသို့ ထိုးကျသွားခဲ့ ရပြီး အဆိုပါ ယာဉ်ပေါ်တွင် လိုက်ပါ လာသည့် စစ်ကိုင်း တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် တစ်ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် အတွက် သေဆုံးသွားခဲ့ ရကြောင်း တိုင်းဒေသကြီး နယ်စပ်ရေးရာနှင့်လုံခြုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

 မန္တလေးမြို့မှ တမူးမြို့သို့ ရဲဝင့်အောင် ကားအသင်းမှ ယာဉ်မောင်းနိုင်မင်း (၄၇) နှစ် မောင်းနှင် လာသည့် စူပါကာစတန် (အဖြူရောင်) ယာဉ်သည် ပုလဲ-ဂန့်ဂေါ သွားကား လမ်းမကြီး ဂန့်ဂေါမြို့နယ် အတွင်း၌ လမ်းယာ ဘက်သို့ အရှိန်မထိန်း နိင်ဘဲ တိမ်းမှောက်ခဲ့ရာ ယာဉ်ပေါ် ပါလာသည့် ခရီးသည် ကျား(၁၀) ဦး၊ မ (၄)ဦးအနက် တမူးမြို့နယ်၊ မဲဆန္ဒနယ် အမှတ်(၁) မှ တိုင်ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထန်လျန်နာ (၆၀) နှစ်တွင် ယာမျက်ခုံး ပေါက်ပြဲ ဒဏ်ရာ တစ်ချက်၊ အပေါ် နှုတ်ခမ်းပေါက်ပြဲ ဒဏ်ရာတစ်ချက်၊ ညာဒူး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည့် အတွက် မုံရွာ မြို့နယ် ဆေးရုံးမှ တစ်ဆင့် မန္တလေး ဆေးရုံသို့ ပို့ဆောင် ကုသနေစဉ် ကွန်လွန်သွားခဲ့ရခြင်း ဖြစ်သည်။

 အဆိုပါ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးထန်းလျန်နာသည် စစ်ကိုင်း တိုင်းဒေသကြီးလွှတ်တော်  (၁၂) ကြိမ်မြောက် ပုံမှန် အစည်းအဝေးသို့ တက်ရောက်ခဲ့ ပြီးနောက်၊ လွှတ်တော် အစည်းအဝေးများ ပြီးဆုံး သွားသည့် အတွက် ၎င်းနေရပ် သို့ပြန်ရာ ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ် ကျောရွာ မရောက်မီ ငါးမိုင်ခန့် အကွာတွင် ၎င်းလိုက်ပါ လာသော ကားမှ ပုံညာတောင်အဆင်း သစ်လုံးများ တင်ဆောင် လာသည့် ယာဉ်အား ရှောင်တိမ်း လိုက်စဉ် အရှိန်လွန်ကာ တိမ်းမှောက်သွားမှုကြောင့် သေဆုံးသွားခဲ့ ရခြင်း ဖြစ်ပြီး ယာဉ်ပေါ် ပါလာသည့် ကျန်ခရီးသည် များမှာမူ ထိခိုက် ဒဏ်ရာများ တစ်စုံတစ်ရာ ရရှိခဲ့ခြင်း မရှိခဲ့ကြောင်း မှုခင်းမှတ်တမ်းများ အရ သိရသည်။ ယင်းသို့ ယာဉ်အား မဆင်မခြင် မောင်းနှင်လာသည့် ရဲဝင်အော့င် ကားအသင်း မှ ယာဉ်မောင်း ဖြစ်သူု နိုင်မင်းအား ဂန့်ဂေါ ရဲစခန်းမှ(ပ) ၁၁/၂၀၁၅ ပြစ်မှု ပုဒ်မ ၃၃၇/ ၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း တိုင်းဒေသကြီး နယ်စပ် ရေးရာနှင့် လုံခြုံရေး ၀န်ကြီးဌာန ထံမှ သိရသည်။

လင်းလင်းမောင်
The Messenger Media
http://messengernewsjournal.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment