ပိတ်ပင်ခံရသော်လည်း တရားဆက်ဟောမည်ဟု ရွှေည၀ါဆရာတော် မိန့်ကြား


တရားဟောပြောခွင့် ပိတ်ပင်ခံခဲ့ရပေမယ့် ဘယ်သူ့ဆီကိုမှ ခွင့်ပြုချက်မတင်ဘဲ ဆက်လက်တရားဟော သွားမယ်လို့ ရွှေည၀ါဆရာတော်က မိန့်ကြားလိုက်ပါတယ်။

တရားဟောခွင့်မရလည်း တရားနာလိုတဲ့ ပရိသတ်ရှိရင် ဘယ်သူ့ဆီကမှ ခွင့်ပြုမိန့် မတောင်းခံပဲ ဆက်လက်တရားဟောပြောသွားမယ်လို့ ဧပြီ ၁ ရက်နေ့က မှော်ဘီမြို့နယ် ရွှေည၀ါတောရ ကျောင်းတိုက် သတင်းစာရှင်းလင်းပွဲမှာ ရွှေည၀ါဆရာတော်က မိန့်ကြားခဲ့တာပါ။

တရားပွဲမှာ နိုင်ငံဆူပူမှုကို လံှု့ဆော်သွေးထိုးတဲ့ တရားဟောပြောခဲ့ရင် တရားပွဲပြီးရင် လာရောက် ဖမ်းဆီိးနိုင်ကြောင်း၊ ဒါပေမယ့် တရားဟောခွင့်ကို လာရောက်ပိတ်ပင်ရင် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၅၄ အရ ပြန်လည်တရားစွဲ ဆိုနိုင်တယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။

ဗုဒ္ဓဘာသာ တရားတော်နဲ့ မသက်ဆိုင်တဲ့ အကြောင်းအရာတွေ ဟောပြောတယ်ဆိုပြီး ရွှေည၀ါ ဆရာတော်ကို တရားဟောခြင်း လုံးဝခွင့်မပြုဖို့   နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က မတ်လ ၂၅ ရက်နေ့မှာ  စာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ဆရာတော်ကတော့  လာမယ့် ဧပြီ ၁၂ ရက်နေ့ ရွှေပြည်သာမြို့နယ်မှာ ကျင်းပမယ့် တရားပွဲကို သွားရောက်ဟောပြောသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – ခိုင်ပန်းနု
By ဒီဗွီဘီ
http://burmese.dvb.no

အပြည့်အစုံ ရုပ်သံကြည့်ရှုရန်
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment