မြန်မာနိုင်ငံခြားရေးဝန်ကြီး တရုတ်နိုင်ငံ သွားရောက်တောင်းပန်


နယ်စပ်မှာ ဗုံးထိမှန်ပြီး တရုတ်နိုင်ငံသား ၅ ဦးသေဆုံးသွားခဲ့ရမှုနဲ့ပတ်သက်ပြီး မြန်မာအစိုးရက  တရားဝင် တောင်းပန်လိုက်တယ်လို့   တရုတ်နိုင်ငံခြားရေးဌာနရဲ့ ပြောဆိုချက်ကို ကိုးကားပြီး တရုတ်သတင်းတွေ မှာဖော်ပြပါတယ်။

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ    တရုတ်နိုင်ငံခြားရေးဝန်ကြီး  ၀န်ယီနဲ့  ဒီနေ့ ပေကျင်းမှာတွေ့ဆုံစဉ်  တောင်းပန်ခဲ့တာဖြစ်ပြီး ဗုံးတွေကြောင့် တရုတ်နိုင်ငံ သားတွေ သေဆုံးခဲ့တာလို့  ၀န်ခံသွားကြောင်း china.org သတင်းမှာရေးပါတယ်။

ဝန်ကြီး ဦးဝဏ္ဏမောင်လွင်က သေဆုံးသွားခဲ့ရသူတွေရဲ့ မိသားစုတွေအတွက် မြန်မာအစိုးရနဲ့ တပ်မတော်ကိုယ်စား  ၀မ်းနည်းတဲ့အကြောင်းနဲ့  တရားဝင်တောင်းပန်ကြောင်းပြောကြားခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လျော်ကြေးပေးဖို့ကိစ္စ  တရုတ်အာဏာပိုင်တွေနဲ့ ပေကျင်းမှာ ဆွေးနွေးဖို့ရှိတယ်လို့လည်း ဆိုပါတယ်။

မတ်လ ၁၃ ရက်နေ့က မြန်မာစစ်လေယာဉ်တွေ ကျဲချခဲ့တဲ့ဗုံးကြောင့် တရုတ် – မြန်မာနယ်စပ် ယူနန်ပြည်နယ်က  တရုတ်ရွာသား ၅ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရသွားတယ်လို့  တရုတ်ဘက်က စွပ်စွဲ ထားတာဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment