အင်ဒိုနီးရှားထောင်ထဲက မြန်မာ ၂၂ ဦး အကူအညီ ကင်းမဲ့နေဆဲ


အင်ဒိုနီးရှားနိုင်ငံ အမ်ဘိုမြို့ လပ်ပတ်စ် (Lapass) အကျဉ်းထောင်မှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသား ရေလုပ် သား ၂၂ ဦး ဟာ အတူအဖမ်းခံရတဲ့ ထိုင်းနိုင်ငံသားတွေနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ လွတ်မြောက်သွား ပြီး ဖြစ်ပေမယ့် မြန်မာတွေပဲ အကူအညီကင်းမဲ့စွာ ကျန်ရှိနေတာကြောင့် အာဏာပိုင်တွေလွှတ်ပေးမယ့် အချိန်ကို စောင့်မျှော်နေကြောင်း RFA က စုံစမ်းသိရပါတယ်။

အဖမ်းခံရသူ မြန်မာနိုင်ငံသားတွေဟာ ထိုင်းနိုင်ငံသား ၁၈ ဦး၊ ကမ္ဘောဒီးယားနိုင်ငံသား ၁၉ ဦးတို့နဲ့အတူ ထိုင်းနိုင်ငံသားပိုင် ငါးဖမ်းသင်္ဘော နှစ်စီးမှာ အတူတာဝန်ထမ်းဆောင်ခဲ့ကြတာဖြစ်ပြီး၊ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၇ ရက်နေ့က အင်ဒိုနီးရှားရေပြင်မှာ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

အတူအဖမ်းခံရသူ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံသားတွေ ပြန်လွတ်သွားကြပြီဖြစ်ပေမယ့် မြန်မာနိုင်သားတွေဘဲ ကျန်နေတာဖြစ်ကြောင်း အဖမ်းခံရသူတွေထဲက ရန်ကုန် အင်းစိန် ဇာတိ ကိုဆန်းဝင်းအောင်က အကျဉ်းထောင် တွင်းကနေ RFA ကို အခုလို ပြောပါတယ်။

"ထိုင်းလူမျိုးတွေလည်းပြန်သွားပြီ၊ ကမ္ဘောဒီးယားလူမျိုးတွေလည်း ပြန်သွားပြီ၊ ကျနော်တို့ မြန်မာ လူမျိုးတွေပဲရှိတော့တယ်ဆိုတော့ အကုန်လုံးက စိတ်ဓါတ်ကျနေကြတယ်ခင်ဗျ၊ ပိုပြီးအားငယ်နေတာက ကျနော်တို့မြန်မာပြည်သံရုံးကလည်း ကျနော်တို့ကို ဟိုဟာမဖြစ်တော့တဲ့ခါကျတော့ အဲ့လိုမျိုးပေါ့၊ ကျနော်တို့ မြန်မာလူမျိုးတွေပဲကျန်ခဲ့တယ်ဆိုတော့ ကျနော်တို့လည်း အားငယ်ကြပါတယ်ခင်ဗျ၊ အကုန်လုံးကလည်း ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ် ပြန်ရဖို့ပဲကြိုးစားနေကြပါတယ်ခင်ဗျ"

အကျဉ်းကျနေသူတွေကို မြန်မာသံရုံးက လွန်ခဲ့တဲ့ နှစ်လလောက်က လာရောက်တွေ့ဆုံခဲ့ပေမယ့် နောက်ပိုင်းမှာ အဆက်အသွယ်မရ ဖြစ်နေတယ်လို့ဆိုပါတယ်။ RFA က ဂျာကာတာမြို့ မြန်မာသံရုံးကို အဆက်အသွယ်လုပ်ဖို့ ကြိုးစားပေမယ့် အဆက်အသွယ်လုပ်လို့ မရဖြစ်နေပါတယ်။

အဖမ်းခံရသူ မြန်မာတွေအနက် သင်္ဘောမာလိန်မှူးနဲ့ အရာရှိ သုံးဦးကို စစ်အကျဉ်းထောင်မှာ ဖမ်းဆီးထား တာဖြစ်ပြီး ကျန်ရေလုပ်သား ၁၉ ဦးကိုတော့ သီးခြားအရပ်ထောင်တစ်ခုမှာ ဖမ်းထားတာဖြစ်ပါတယ်။ မြန်မာ သင်္ဘောသားတွေ လွတ်မြောက်ရေးအတွက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ (MAT)ကလည်း ကြိုးစားလျက်ရှိတယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment