ကောလင်း ဧပြီ ၎
စစ်ကိုင်းတိုင်းဒေသကြီး ကော လင်းမြို့တွင် ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်က လေမုန်တိုင်းတိုက်ခတ် မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသ ကြီး ကောလင်းမြို့တွင် ဧပြီ ၂ ရက် မွန်းလွဲ ၂ နာရီခွဲခန့်ကစတင်၍ နာရီ ဝက်ခန့်ကြာအောင် လေမုန်တိုင်း တိုက်ခတ်ခဲ့ပြီး ကောလင်း မြို့မ စည်ပင်ဈေးသစ်ကြီးတွင် မိုးထားသော သွပ်များ ကျွတ်ထွက်ခြင်း၊ ခေါင်မိုး များပျက်စီးခြင်း၊ ဈေးရောင်းချနေ သော ဈေးသည်၊ ကုန်သည်များ၏ ကုန်ပစ္စည်းများ ပျက်စီးခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်ပေါ် ခဲ့သည်။
မြို့မစည်ပင်ဈေးကြီးမှာ သက် တမ်းကြာမြင့်ပြီဖြစ်ပြီး ပျက်စီးယိုယွင်း မှုများကို ထိန်းသိမ်းမှုအားနည်းခြင်း၊ လေတိုက်ခတ်မှုနှုန်း ပြင်းထန်ခြင်း များကြောင့် အမိုးမိုးထားသော သွပ် ချပ်များ ပြုတ်ထွက်လွင့်ပျံခဲ့ကြောင်း သိရသည်။
''ဒီဈေးကြီးက ဆောက်ထားတာ လည်းကြာပြီလေ၊ ခုပြုတ်ထွက်ကုန်တဲ့ သွပ်မိုးတွေက လုပ်ထားတာကြာလှ ပြီ။ မပြုမပြင်ဘဲ ဒီတိုင်းထားတာကြာ တော့ ပြုတ်တဲ့ဟာတွေ ပြုတ်ကုန်တာ ပေါ့။ ဒါကိုဈေးကော်မတီက မပျက်စီး ခင်ကတည်းက ပြင်သင့်တာ။ ခုတော့ ဈေးသည်အားလုံး ဒုက္ခရောက်ကုန် ရော။ လူတွေကို သွပ်ပြားတွေမခိုက်မိ လိုက်တာကိုပဲ တော်သေးတယ်ပြော ရမယ်'' ဟု ဈေးသည်တစ်ဦးကပြော သည်။ ည ၈ နာရီခွဲခန့်က ကောလင်း မြို့နယ် စွယ်ရကျေးရွာတွင် လေတိုက် ၍ ပြုကျနေသောဓာတ်ကြိုးနှင့် ထိမိ ၍ လျှပ်စစ်မီးလိုင်းတာဝန်ခံ ဦးခါ မောင် (၄၇နှစ်)သည် ဓာတ်လိုက်ပြီး သေဆုံးသွားကြောင်း သိရသည်။
ကိုကိုညိမ်း(ကောလင်း)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
0 comments:
Post a Comment