အမြန်လမ်း၊ မိုင်တိုင်အမှတ်(၄၅/၄)အနီးတွင် ယာဉ်တစ်စီး တိမ်းမှောက် မီးလောင်


အရှိန်မထိန်းနိုင်သောယာဉ် ဘာရီယာတုံးအား ဝင်ရောက်တိုက်မိကာ လမ်းလယ်ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ပြီး မီးလောင်

နေပြည်တော်၊ ဧပြီ ၎

၂ဝ၁၅ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲအချိန် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၄၅/၄)အနီးတွင် ယာဉ်တစ်စီး တိမ်းမှောက်ပြီး မီးလောင်နေကြောင်း သတင်းအရ ဘောနီအမြန်လမ်းမကြီးရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အမြန်လမ်းမီးသတ် တပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်၍ ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁ နာရီ ၁၅ မိနစ်အချိန် မီးငြိမ်းသွားခဲ့သည်။

 စစ်ဆေးချက်အရ ရန်ကုန်မှ နေပြည်တော်သို့ ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ်၊ အရိုးကုန်းရပ်ကွက်နေ ရဲဝင်းတေဇ(၂၁)နှစ်မောင်းနှင်လာသည့် 2J/xxxx Nissan X Trail အဖြူရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ဘာရီယာတုံးအား ဝင်ရောက်တိုက်မိကာ လမ်းလယ် ကျွန်းပေါ်သို့ ရောက်ရှိတိမ်းမှောက်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

 ထိုသို့ဖြစ်ပွားမှုကြောင့် ယာဉ်မောင်း ရဲဝင်းတေဇ၊ ယာဉ်ပေါ်တွင်လိုက်ပါလာသည့် မရမ်းကုန်းမြို့နယ်၊ (၈)ရပ်ကွက်နေ ဦးကျော်သူရလွင်(၃၉)နှစ်နှင့် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်နေ ဦးမင်းဂေါင်(၃၁)နှစ်တို့တွင် ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ပြီး ရဲဝင်းတေဇအား ဘောနီအမြန်လမ်းမကြီး ရဲစခန်း ယာဉ်(ပ)၆/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၃၇/၂၈၅ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်း ရရှိသည်။

ရဲဇာနည်
https://www.facebook.com/yezarnimedia

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment