နိုင်ဂျီးရီးယား သမ္မတ ရွေးကောက်ပွဲ အတိုက်အခံနိုင်

အတိုက်အခံ ခေါင်းဆောင် Buhariကို ထောက်ခံသူတွေ အောင်ပွဲဆင်
နိုင်ဂျီးရီးယားနိုင်ငံ သမ္မတ ရွေးကောက်ပွဲမှာ သမ္မတ Goodluck Jonathan နဲ့ ယှဉ်ပြိုင် အရွေးခံတဲ့ အတိုက်အခံ ခေါင်းဆောင် Muhammadu Buhari အနိုင်ရသွားပါပြီ။

အခု ဒီရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ဂျီးရီးယား နိုင်ငံ သမိုင်းမှာ အထူးခြား အထင်ရှားဆုံး လို့ ဆိုရမှာပါ။

နိုင်ဂျီးရီးယား နိုင်ငံ ရွေးကောက်ပွဲမှာ အာဏာရ သမ္မတကို ယှဉ်ပြိုင် အရွေးခံတဲ့သူ အနိုင်ရဖူး တာမျိုး အရင်တုန်းက တခါမှ မရှိခဲ့ဖူးပါဘူး။

တခါ ၁၉၉၉ခုနှစ် စစ်အာဏာရှင် အုပ်ချုပ်မှု အဆုံးသတ်သွားပြီးကတည်းက ဆိုရင်လည်း ဒါဟာ ရွေးကောက်ပွဲမှာ PDP အစိုးရပါတီ ပထမဆုံးအကြိမ် ရှုံးနိမ့်ခဲ့တာလည်း ဖြစ်ပါတယ်။

နိုင်ဂျီးရီးယား နိုင်ငံ သမိုင်းကို ပြန်ကြည့်မယ် ဆိုရင် ဗြိတိန်နိုင်ငံကနေ နိုင်ဂျီးရီးယားနိုင်ငံ လွတ်လပ်ရေး ရခဲ့တဲ့ ၁၉၆၀ခုနှစ်ကတည်းကစလို့ အာဏာသိမ်းမှုတွေ အကြိမ်ပေါင်း မြောက်များစွာ ဖြစ်ခဲ့သလို ရွေးကောက်ပွဲ အများစုဟာလည်း အကွက်ဆင် မဲလိမ်ခဲ့တဲ့ ပွဲတွေပဲ ဖြစ်ခဲ့ပါတယ်။

အခု ဒီရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ တချို့က အငြင်းပွားကောင်းပွားမှာ ဖြစ်ပြီး ဘာသာရေး ဆိုင်ရာ ဒေသတွင်းဆိုင်ရာ သဘောကွဲလွဲမှုတွေကြောင့် အကြမ်းဖက်မှုတွေ ထပ်ဖြစ်ပွားလာမှာကို စိုးရိမ်နေကြဆဲပါ။

ဒါပေမယ့်လည်း နိုင်ဂျီးရီးယား ပြည်သူ အများစုကတော့ တိုင်းပြည် အကျိုးကို ကောင်းကောင်း မဆောင်ရွက်နိုင်တဲ့ အစိုးရအဖွဲ့တဖွဲ့ကို သူတို့ ပထမဆုံးအကြိမ် ဖြုတ်ချလိုက်နိုင်ခဲ့တာလို့ ကျေနပ် နေကြမှာ ဖြစ်သလို ဒီရွေးကောက်ပွဲ ရလဒ်ဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ဒီမိုကရေစီ စနစ် တဖြည်းဖြည်း အမြစ်တွယ်လာပြီ ဆိုတာကို ပြသတဲ့ လက္ခဏာမျိုး လို့ ယူဆရကြောင်း အဘူဂျာမြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် Will Ross က သုံးသပ်ပါတယ်။

BBC Burmese
http://www.bbc.co.uk/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment