ဧပြီဖူးလ်တွင် ဒေါ်လာ ၅ သောင်းတန် ဘီအမ်ဒဗလျူကားရသွားသူ



နယူးဇီလန်နိုင်ငံမှာ ဒေါ်လာ ၅ သောင်းတန် ဘီအမ်ဒဗလျူ  ကားတစီးကို ဧပြီဖူးလ်နေ့ အမှတ်တရ အဖြစ် လာရောက်မေးမြန်းသူကို ပေးအပ်လိုက်ပါတယ်။

လူတွေ တဦးနဲ့ တဦးနောက်ပြောင်လေ့ရှိတဲ့ ဧပြီ ၁ ရက် ဧပြီဖူးလ်နေ့မှာ  နယူးဇီလန် သံတော်ဆင့် သတင်းစာရဲ့ မျက်နှာဖုံးမှာ ကားပြခန်းကို အစောဆုံးလာရောက်တဲ့သူရဲ့ ကားကို ဘီအမ်ဒဗလျူ  ၁ စီးရီး  ကားတစီး နဲ့ လဲပေးမယ်လို့ ကြေညာလိုက်ပါတယ်။

ဒီအတွက် အစေားဆုံးသွားရောက်တဲ့ တီနာမတ်ခ်ျ စီးနင်းလာတဲ့ ၁၅ နှစ်ကြာ နီဆန်းကားကို ဘီအမ်ဒဗလျူ  ၁ စီးရီး ကားနဲ့ လဲပေးလိုက်ပါတယ်။

ကားနံပါတ်ကိုလည်း အရှုးမလုပ်ပါနဲ့လို့ အဓိပ္ပာယ်ရတဲ့ အင်္ဂလိပ်နဲ့ ဂဏာန်းရောထားတဲ့ နံပါတ်အသစ် “NOF00L” လို့ ပေးထားပါတယ်။

ကားကို ၅ နှစ်အာမခံထားသလို ၃ နှစ်တိတိ ၀န်ဆောင်မှု ပေးထားပါတယ်။ ဒါအပြင် ဘီအမ်ဒဗလျူ ကားမောင်း အတွေ့အကြုံကိုလည်း အခမဲ့ ရရှိမှာ ဖြစ်ပါတယ်။

လဲလှယ်ပေးလိုက်တဲ့ တီနာရဲ့ ကားကို ဘီအမ်ဒဗလျူ ဌာနချုပ်ရှိရာ ၀ဲလင်တန်မှာ ပြသထားပါတယ်။

ဒီကြော်ငြာက မရေရာအောင် တမင်သက်သက်လုပ်ဆောင်ထားပြီး အရမ်းကောင်းလွန်းတဲ့ အတွက် မယုံနိုင်အောင် လုပ်ထားသလို အခွင့်အရေးကို လိုလိုလား ရယူချင်တဲ့ ပထမဆုံးလူကို ချီးမြှင့်ပေးလိုက်တာလို့ နယူးဇီလန် ဘီအမ်ဒဗလျူ အုပ်စု စီမံခန့်ခွဲရေး ညွန်ကြားရေးမှူး နီနာအန်လပ်က ပြောပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment