ကံကောင်းထောက်မစွာနဲ့ပဲ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက မျက်စိနာလို့ မျက်စဉ်းဆေးတစ်ဗူး ၀ယ်ထားပြီး သက်သာ သွားတဲ့နောက် ချောင်ထိုးထားတဲ့ ပစ္စည်းက အခုမှပဲ ပြန်အသုံးတည့်သွားပါတယ်။ ပြသနာက ဘယ်နှစ်စက် ထည့်ရမလဲဆိုတာ ပါပဲ ။ ကျွန်မမှာရှိတဲ့ မျက်တောင်ကော့ ဆေးဘူးက နည်းနည်းကြီးပါတယ်။ ဒါနဲ့ကျွန်မ (၁၀)စက်ထည့်လိုက်ပြီး ထုတ်လိုက် သွင်းလိုက် အကြိမ်အနည်းငယ် လုပ်လိုက်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် စောစောကလို ခြောက်သွေ့၊စေးကပ်၊ ကြမ်းတမ်းနေတာတွေ မရှိတော့ပါဘူး။
အခုဆို သုံးမရတော့လို့ လွှင့်ပစ်ရမယ့် အချိန်ထက် တစ်ပတ်ကျော်တောင် ကြာနေပါပြီ။ ဒါပေမယ့် အခုချိန်ထိ အလုပ်ဖြစ်နေတုန်းပါပဲ ။ ဒီတော့ မိတ်ကပ်ဖိုးဈေးကြီးရတဲ့အထဲ မျက်တောင် ကော့ဆေးကပါ ဆန္ဒပြနေသူတွေအတွက် ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။
Ref:OneGoodThing
Source:trend.com.mm
0 comments:
Post a Comment