အိန္ဒိယ သီလရှင်အိုကြီးကို အဓမ္မပြုကျင့်မှုဖြင့် အမျိုးသား ၇ ဦးကို ရုံးထုတ်


ပြီးခဲ့တဲ့လ အနောက်ဘန်ဂေါ ပြည်နယ်က သာသနာပြုကျောင်းတကျောင်းမှာ ခရစ်ယာန် သီလရှင်အိုကြီးကို အဓမ္မပြုကျင့်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသား ၇ ဦးကို သာကြာနေ့က ရုံးထုတ်ပါတယ်။

သီလရှင် ကျောင်းထဲမှာ အသက် ၇၅ နှစ်အရွယ် သီလရှင်ကြီး တိုက်ခိုက်ခံရပြီးနောက် သူတို့ကို ဖမ်းဆီးခဲ့ပါတယ်။။ ပစ္စည်းလုပြီး လူကိုပါ အဓမ္မပြုကျင့်ခဲ့တာပါ။

တရားခံတွေအဖြစ် စွပ်စွဲခံထားရသူတွေထဲက ၂ ဦးဟာ ဘင်္ဂလားဒေ့ရှ်က ဖြစ်တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

ဖမ်းဆီးခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်က ဂျင်နာ ရှိတ် ဆိုတဲ့ တဦးကတော့ ဖြစ်သွားတဲ့ အမှုမှာ သူ ဘာမှ မပတ်သက်ခဲ့ဘူးလို့ သတင်းထောက်တွေကို ပြောပါတယ်။ “ဒေလီမှာ ကလေးဘ၀ကတည်းက နေလာခဲ့တာပါ၊ ကျနော် ဘာမှ မလုပ်ရပါဘူး”လို့ ပြောပါတယ်။

အိန္ဒိယဟာ ဟိန္ဒူဘာသာဝင်တွေ လွှမ်းမိုးထားတဲ့ နိုင်ငံဖြစ်ပြီး လက်ရှိ ဟိန္ဒူအမျိုးသားရေး ၀ါဒီ ၀န်ကြီးချုပ် နရိန်ဒြာ မိုဒီ လက်ထက်မှာ ခရစ်ယာန်တွေအပါအ၀င်၊ တခြားဘာသာဝင်တွေကို လုံခြုံမှုပေးတဲ့ အပိုင်းမှာ အားနည်းတယ်လို့ဆိုပြီး ဝေဖန်နေတာလည်း ရှိပါတယ်။

တချိန်တည်းမှာ အိန္ဒိယဟာ ၂၁ မိနစ် ကြာတိုင်းမှာ မုဒိမ်းမှု တခု ဖြစ်နေတဲ့ နိုင်ငံဖြစ်ပြီး အက်ဆစ်နဲ့ ပက်တဲ့ အမှု၊ အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးတွေကို ထိကပါးရိကပါး စော်ကားမှုတွေဟာလည်း ပုံမှန်လို ဖြစ်နေတဲ့ နိုင်ငံဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment