ဂင်္ဂါမြစ်ကမ်းတွင် မျောက်များသောင်းကျန်းမှုကြောင့် အင်တာနက်လိုင်း အခက်ကြုံ


အိန္ဒိယလူမျိုးတွေ တန်ဖိုးထားတဲ့ ဂင်္ဂါမြစ်ကမ်းက ဗာရာဏသီမြို့မှာ မျောက်တွေ သောင်းကျန်းနေလို့ အင်တာနက်လိုင်းတွေ ပြတ်တောက်မှု အခက်အခဲ ကြုံနေရပါတယ်။

ဗာရာဏသီမြို့ဟာ လက်ရှိ ၀န်ကြီးချုပ် နရိန်ဒြာမိုဒီရဲ့ မဲဆန္ဒနယ်မြေလည်းဖြစ်ပြီး ကမ္ဘာလှည့်ခရီးသွားတွေ အလည်အပတ်များတဲ့ မြို့လည်းဖြစ်ပါတယ်။

အခုတော့ မျောက်တွေ သောင်းကျန်းလွန်းလို့ အင်တာနက်လိုင်းတွေ မကြာခဏ ပြတ်တောက်တဲ့ ပြဿ နာနဲ့ ကြုံနေရတာပါ။ အင်တာနက် ၀ိုင်ယာတွေကို မျောက်တွေက ကိုက်ဖြတ်လေ့ရှိတယ်လို့ အလည်အပတ်သွားသူတွေက ပြောပါတယ်။

ဝိုင်ဖိုင်လိုင်းတွေပြတ်ပြီး ဆက်သွယ်ရေး အခက်တွေ့ရတယ်လို့ ဟောလန်ကနေ အလည်သွားတဲ့ မီလီစာက ပြောပါတယ်။

ဗာရာဏသီမှာ မျောက်တွေကို ဟိန္ဒူတွေ ကိုးကွယ်တဲ့ ဟန်နုမာရဲ့ ကိုယ်ပွားတွေအဖြစ် သတ်မှတ်ပြီး တန်ဖိုးထားကြပါတယ်။ မျောက်တွေကို ကြောက်အောင် ခြောက်တာဖြစ်ဖြစ်၊ ဖမ်းတာဖြစ်ဖြစ် မြို့ခံတွေက စိတ်ဆိုးကြပါတယ်။

ဗာရာဏသီမြို့မှာ လူဦးရေ ၂ သန်းရှိပြီး နေရာတိုင်းမှာ မြေအောက်ကေဘယ်လိုင်း မတပ်ဆင်နိုင်သေးဘူးလို့ သိရပါတယ်။ ဒေသ အုပ်ချုပ်ရေးအဖွဲ့ဟာ ဂင်္ဂါမြစ်ကမ်းတလျှောက်မှာ  မြို့ခံတွေနဲ့ တိုးရစ်တွေ အင်တာနက် အသုံးပြုနိုင်အာင် ၀ိုင်ဖိုင် အခမဲ့ လွှတ်ပေးထားပါတယ်။

အခုတော့ မြစ်ကမ်းတလျှောက်မှာ ပိုက်လိုင်းသွယ်ပြီး ၀ိုင်ယာသွယ်ဖို့ အာဏာပိုင်တွေက စဉ်းစားနေပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment