အတာသင်္ကြန်ကို G shock မဏ္ဍပ်မှာ ပရိသတ်တွေနဲ့အတူ သီချင်းဆိုရင်း ဖြတ်သန်းမယ့် Ar-T



သင်္ကြန်ကို G shock မဏ္ဍပ်မှာ အနုပညာမောင်နှတွေနဲ့ သိုက်သိုက်ဝန်းဝန်းနဲ့ ဖြတ်သန်းမယ်လို့ပြောပြလာတဲ့ Ar-Tက ၂၀၁၅ သင်္ကြန်ဖက်ရှင်အနေနဲ့ ပုံမှန်ပဲ စီစဉ်ထားတယ်လို့သိရပါတယ်။ အရောင်တောက်တာတွေကိုရှောင်ပြီး ဖက်ရှင် အငြိမ်လေးတွေကို ဦးစားပေး ၀တ်ဖြစ်သွားပါမယ်တဲ့။
သူ့ရဲ့ ဂီတလှုပ်ရှားမှု အနေနဲ့ လက်ရှိမှာ နေပြည်တော် ၊ မန္တလေး ရှိုးတွေကို သွားရောက် သီဆိုဖြစ်တယ်လို့သိရပြီး သူ့ရဲ့ ချိုချဉ် အမ်တီဗီအခွေ အတွက်ကိုတော့ ၇ လပိုင်းအကုန် ပရိသတ်လက်ထဲ အရောက်ပို့နိုင်ဖို့အတွက် ကြိုးစားရိုက်ကူးနေတယ်လို့ သိရပါတယ်။
သင်္ကြန်အပြီးမှာတော့ မလေးရှားကို အလုပ်ကိစ္စနဲ့သွားဖို့ရှိပြီး စင်ကာပူနိုင်ငံကို အလည်သွားဖို့စီစဉ်ထားတယ်လို့လဲသိရပါတယ်။ Ar-T က သူ့ပရိသတ်တွေ အားလုံးအတွက် "သင်္ကြန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘေးအန္တရယ်ကင်းရှင်းစွာ ပျော်နိုင်ကြပါစေ"လို့ဆုတောင်းစကား ဆိုပေးသွားပါတယ်။
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment