သင်္ကြန်နဲ့ ပတ်သက်ပြီး အသက်အရွယ်ကြောင့် ထွေထွေထူးထူး မခံစားရတော့ဘူးလို့ ဆိုတဲ့ လူမင်းက နေပြည်တော် Sky Net မဏ္ဍပ်မှာ ရှိမယ်လို့ ဖွင့်ဟ



ပိတ်ရက်ရှည်ဖြစ်တဲ့ သင်္ကြန်မှာ စားဝတ်နေရေး ခက်ခဲတဲ့ ရုပ်ရှင်လောကသားတွေရဲ့ အခက်အခဲကို ကူညီရာရောက်အောင် အစည်းအရုံးက ကြီးမှူးပြီး အနုပညာရှင်တွေ၊ လောကသားတွေ၊  ရုပ်ရှင်ထုတ်လုပ်ရေးတွေဆီက အလှူငွေတွေကောက်ခံကာ ဆန်ငါးပြည်နဲ့ ဆီတစ်ပုလင်း လှူ ဒါန်းတဲ့ ပွဲမှာ သရုပ်ဆောင်တစ်ယောက်လဲဖြစ်၊ အစည်းအရုံး ဥက္ကဌလဲဖြစ်တဲ့ အန်ကယ်လေးနဲ့တွေ့ဆုံခိုက် လှူဒါန်းမှုနဲ့ပတ်သက်ပြီး ပီတိဖြစ်မှုကို မေးမြန်းကြည့်မိတဲ့အခါ
"ဒီနေ့လုပ်တဲ့ အလှူ ပွဲလေးက သင်္ကြန်ပိတ်မဲ့ ပိတ်ရက်ရှည်မှာ စားဝတ်နေရေး အခက်အခဲဖြစ်မှာစိုးလို့ အခြေခံ အစားအသောက်အနေနဲ့ ဆန်နဲ့ဆီကို လှူတဲ့ပွဲလေးပါ။ ဘာလို့လဲဆိုတော့ သင်္ကြန်ပိတ်ရက်ရှည် ပိတ်တဲ့အခါကျရင် ကလေးတွေ၊ လူငယ်တွေ ၊ ရုံးဝန်ထမ်းတွေ ပျော်ကြပေမဲ့ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ ကိုယ်တို့ရဲ့လောကသားတွေ အနေနဲ့က သွားဖို့လာဖို့ပျော်ဖို့ပါးဖို့ထက် စားရေးသောက်ရေးက အရမ်းကို ခက်ခဲပါတယ်။ အဲ့ဒါကြောင့် အခြေခံဖြစ်တဲ့ ဆန်နဲ့ဆီကို လှူပေးတာပါ။ အဓိကကတော့ အစည်းအရုံးက ကြီှးမှူးပြီး မင်းသားမင်းသမီးတွေ၊ ရုပ်ရှင်လောကသားတွေ လှူကြပါတယ်။ ထုတ်လုပ်သူတွေကတော့ တချို့တလေက လှူပါတယ်။ ဒီနေ့အလှူပွဲလေးနဲ့ ပတ်သက်ပြီး ပီတိလဲဖြစ်သလို အားမလို အားမရလဲဖြစ်မိပါတယ်။ ဘာလို့လဲဆိုတော့ တကယ့်ကို ထမင်းစားဖို့ ခက်တဲ့လောကသားတွေရှိတယ်။ ပျော်ဖို့ပါးဖို့ထက်ကို ပေါ့။ ဒီလိုလှူဒါန်းရတဲ့အတွက်ကို ပီတိလဲဖြစ်တယ်။ သူတို့ဘ၀တွေ ကို ဒီ့ထက်ပိုပြီး မြှင့်တင်ပေးချင်တယ်"လို့ သူက ပြောပြခဲ့ပါတယ်။
လက်ရှိအနုပညာ လှုပ်ရှားမှုအနေနဲ့ ဗီဒီယိုတွေ ရိုက်ဖြစ်နေတဲ့ လူမင်းက သင်္ကြန်နဲ့ပတ်သက်ပြီးတော့လဲ "သင်္ကြန်ကတော့ နေပြည်တော် Sky Net  မဏ္ဍပ်မှာ ရှိပါမယ်။ သင်္ကြန်နဲ့ပတ်သက်ပြီး သင်္ကြန်ဆိုတဲ့ အသံကြားတာနဲ့ နှလုံးသွေးတွေ ဆူပွက်ပြီး ရင်ခုန်ရတဲ့ စိတ်လှုပ်ရှားမှုမျိုးတော့ မရှိတော့ပါဘူး။ အသက်လဲကြီးလာပြီ။ ထွေထွေထူးထူး စိတ်ခံစားချက်တွေ မရှိတော့ဘူး။ အလုပ်နဲ့ပဲ ဖြတ်သန်းဖြစ်တာ များပါတယ်"တဲ့။  
ပရိသတ်တွေကြားထဲမှာ နာမည်ကြီးသွားတဲ့ ဖခင်မယ်တို့တာ ဇာတ်ကားလေးနဲ့ပတ်သက်ပြီးတော့ သူရိုက်ဖြစ်ပုံကို မေးကြည့်မိတော့ "အဲ့ဒီကားက ပွင့်ပွင့်လင်းလင်း ၀န်ခံရရင် ကိုရီးယားကားကို ပြန်ကော်ပီ ယူထားတာပါ။ ဘာလို့ကော်ပီလို့ကိုယ်ရဲရဲတင်းတင်း ပြောရဲလဲဆိုရင် အဲ့ဒီမက်ဆေ့မျိုးကို ပရိသတ်တွေကို ရဲရဲတင်းတင်းပေးချင်တဲ့အတွက် ကော်ပီလို့ပြောပြီး ကိုယ်ရိုက်ခဲ့တာပါ။ ဖခင်မယ်တို့တာဆိုတဲ့ နာမည်လေးကလဲ ကိုယ်ကိုတိုင်ပဲ ပေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ အဖေတွေ၊ အမေတွေ အတွက်သာဆိုတာ တာဝန်လို့ ယူဆလို့ရသလို၊ တာတမံလို့လဲ ယူဆလို့ရပါတယ်။ အဖေအမေတွေက စီးပွားရေး မပြေလည်ကြတဲ့အခါ ကိုယ့်သားသမီးကို သေချာ ဂရုမစိုက်နိုင်ဘူး။ လူမမယ် ကိုယ့်သမီးလေး တစ်ယောက် အဲ့လောက်ထိ ဆိုးဆိုးဝါးဝါးဖြစ်သွားရတာ သေသွားတာ ထက်ဆိုးတာပေါ့။ အဲ့ဒီလိုအဖြစ်မျိုးတွေ လောကကြီးမှာ ဖြစ်နေတာတွေလဲ ရှိတယ်။ အဲ့ဒါလေးကို သတိမမေ့လျော့အောင် ကိုယ်က သတိပေးချင်တာပါ။ ကိုယ်အနေနဲ့ကိုယ်ရိုက်သမျှ  ကားတိုင်းကိုတော့ မက်ဆေ့ခ်ျပေးမယ်ဆိုပြီး မသတ်မှတ်ထားဘူး။ ဖျော်ဖြေရေးအနေနဲ့ရော ကိုယ့်အသက်အရွယ်ရလာတဲ့အချိန်မှာရော အဲ့ဒီလို အနှစ်သာရရှိတဲ့ ကားတွေကို ပိုရိုက်ချင်လာမိတယ်"လို့ သူက ပြောပြသွားပါတယ်။
 Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment