အခုတစ်ကြိမ်မှာတေ့ Salander က အသွင်သစ်နဲ့ ပြန်လည်ထွက်ပေါ်လာပါပြီ။ The Girl With Dragon Tattoo ဇာတ်လမ်းရဲ့ နောက်ဆက်တွဲ စီးရီးတွေကို ဆွီဒင်နိုင်ငံမှာစတင် ပုံနှိပ် ထုတ်ဝေသွားမည်ဖြစ်ပြီး အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုပြီးတဲ့ နောက်မှာတော့ worldwide ကို ဖြန့်ချိသွားမယ်လို့ သိရပါတယ်။
ဒီဇာတ်လမ်းတွဲကို ရေးသားခဲ့တဲ့ Stieg Larsson လို့ခေါ်တဲ့ မှုခင်းသတင်းထောက်ဟာ ၂၀၀၄ ခုနှစ်မှာ နှလုံးရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။ သူဟာ အဓိကဇာတ်ရုပ် ဖြစ်တဲ့ Salanderရဲ့ အသွင်အပြင် နဲ့ စရိုက်တွေကို ဖန်တီးပေးခဲ့ပြီး Mikael Blomkvistလို့ ခေါ်တဲ့ သတင်းထောက်တစ်ယောက်နဲ့ အဖွဲ့ဖြစ်သွားတဲ့ ဇာတ်ညွှန်းကို ရေးသားထားခဲ့ပါတယ်။
ထို ဇာတ်လမ်းတစ်ဝက်တစ်ပြတ်ကို ဆက်လက်ရေးသားမယ့် သူကတော့ David Lagercrantz ဖြစ်ပြီး Davidနဲ့ Larsson တို့ဟာ Millennium စီးရီးစာအုပ်တွေမှာလည်း အတူလက်တွဲ အလုပ်လုပ်ခဲ့ဖူးတယ်လို့ သိရပါတယ်။
အသစ်ထွက်ရှိလာမယ့် စာအုပ်တွေကတော့ The Girl Who Played With Fire နဲ့ The Girl Who Kicked the Hornets’ Nest ဆိုတဲ့ ခေါင်းစဉ်များနြဲ့ဖစ်ပြီး စက်တင်ဘာ ၁ ရက်နေ့မှာ စတင်ထုတ်ဝေမယ်လို့ သိရပါတယ်။
Ref:hellogiggles
Source:trend.com.mm
0 comments:
Post a Comment