Twilight မင်းသား Robert Pattinson နဲ့ FKA Twigs တို့ စေ့စပ်လိုက်ကြပြီလား



ပရိသတ်တွေအားလုံး အံ့သြမှင်သက်ရတဲ့ အနေအထားရောက်လာပါပြီ။ ကဲ အားလုံး သဘောကျနှစ်ခြိုက်ကြတဲ့ Twilight မင်းသား Robert Pattinson ကတော့ FKA twigs နဲ့ စေ့စပ်လိုက်ပြီဆိုတဲ့ သတင်းထွက်လာခဲ့ပါတယ်။ ဒီသတင်းအချက်အလက်က T-Pain ဆီက ထွက်လာတာပါ။ T-Pain က New York Magazine အင်တာဗျူးမှာ ဖြေကြသွားပါတယ်။
အင်တာဗျူးမှာ သတင်းထောက် Dee Lockett က T-Painကို သီချင်းအသစ်လေးတွေ ရေးသားနိုင်ဖို့ဆိုရင် ဘယ်လိုသီချင်းမျိုးတွေ နားထောင်ဖြစ်သလဲလို့မေးတော့ သူက FKA twigs သီချင်းတွေလို့ ဖြေခဲ့ပါတယ်။ အဲ့ဒါကို နောက်ထပ်မေးခွန်းတစ်ခုအနေနဲ့ ကိုယ့်အယ်လ်ဘမ်ထဲမှာ FKA twigs ကို featuring အနေနဲ့ ထည့်ဆိုခိုင်းဖို့ ရှိသလားလို့ မေးလိုက်တော့ သူက "သူက နယ်လှည့်ဖျော်ဖြေပွဲတွေ အရမ်း သွားရတယ်။ ကိုယ်ဖုန်းဆက်လိုက်ရင် သူက တခြားတစ်နေရာ ရောက်နေတာချည်းပဲ။ ပြီးတော့ ခုသူက စေ့စပ်လိုက်ပြီလေ။ အဲ့ဒါကြောင့်လည်း ပိုအလုပ်တွေ ရှုပ်နေမယ် ထင်တယ်"လို့ ဖြေလိုက်တာမို့ သတင်းထောက်က ထပ်ပြီး "ဟင် သူက ဘယ်သူနဲ့ စေ့စပ်သွားတာလဲ"ဆိုပြီး မေးခွန်း ထပ်ထုတ်လိုက်ပါတယ်။ အဲ့ဒီမှာ T-Pain က Robert Pattinson နဲ့ ဖြစ်ကြောင်း ပြောပြလိုက်တာပါပဲ။ ခုလို ပြောပြလိုက်တာကို သူမက သဘောကျပါ့မလားတောင် မသိဘူးလို့လည်း သူက ဆိုလိုက်ပါသေးတယ်။
ဒါ့အပြင် နောက်ထပ် ခိုင်မာတဲ့ သတင်းအရင်းအမြစ် နှစ်ခုကလည်း ဒီသတင်းမှန်ကန်ကြောင်း အတည်ပြုလိုက်ပါတယ်တဲ့။
Ref:cosmopolitan.com
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment