အောင်မြင်ကျော်ကြားတဲ့ အဆိုတော် တစ်စုရဲ့ ဂီတ ၀န်ဆောင်မှု “Tidal” ကိုစတင်



နယူးယော့ခ်မြို့ရဲ့ အကြီးမားဆုံး သတင်းတွေထဲက တစ်ခုကတော့ အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်စု ရဲ့ Tidal လို့ခေါ်တဲ့ ကိုယ်ပိုင် အရည်အသွေးမြင့် ဂီတ၀န်ဆောင်မှုတစ်ရပ် အကြောင်းပါပဲ။
Alicia Keys ၊ Arcade Fire ၊ Beyonce’ ၊ Daft Punk ၊ Jack White ၊ Jason Aldean ၊ J.Cole ၊ Jay-Z ၊ Kanye West ၊ Deadmau5 ၊ Madonna ၊ Nicki Minaj ၊ Rihanna နဲ့ Usher  တို့က စတင်မိတ်ဆက်ခြင်း အခမ်းအနားကို တက်ရောက်လာကြပြီး သူတို့အားလုံးဟာ ထိုဝန်ဆောင်မှုလုပ်ငန်းရဲ့ ရှယ်ယာရှင်တွေပဲ ဖြစ်ပါတယ်။ EDM ဆရာကြီး Calvin Harris နဲ့ Cold Play အဖွဲ့က Chris Martin တို့ကတော့ အင်တာနက်ကနေ တစ်ဆင့်သာ တက်ရောက်ခဲ့တာကို တွေ့ရပါတယ်။
ဒီလုပ်ငန်းမှာ အဓိက ဦးဆောင်ခဲ့တာကတော့ ရပ်ပါကြီး Jay-Z ပါ။ Jay-Z က ဇန်န၀ါရီလမှာတုန်းက Tidal ၀န်ဆောင်မှုလုပ်ငန်းကို ဖန်တီးခဲ့တဲ့နော်ဝေ ကုမ္မဏီ Aspiro မှာ ဒေါ်လာ သန်းပေါင်းများစွာ မြှပ်နှံခဲ့တဲ့ အကြောင်း ထုတ်ပြောခဲ့ပါတယ်။
နှစ်လခန့်အကြာမှာတော့ Jay-Z ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဖြစ်တဲ့ Kanye West ၊ Rihanna နဲ့ အခြား အနုပညာရှင်တွေက သူတို့ရဲ့ Twitter စာမျက်နှာတွေမှာ Tidal ရဲ့ အမှတ်အသားဖြစ်တဲ့ စိမ်းပြာရောင် တွေကို ပြောင်းလဲပြီး စတင် ကူညီပံ့ပိုးခဲ့ကြတာပဲ ဖြစ်ပါတယ်။
Billboard ကို Jay-Z က ပြောကြားခဲ့ရာမှာတော့ Tidal ရဲ့ ရှယ်ယာရှင်တွေဟာ တူညီတဲ့ ရှယ်ယာတန်ဖိုးတွေ ရှိကြတယ်လို့ ဆိုပါတယ်။ “ဒါဟာ စိတ်ကူးယဉ်စီမံကိန်းတစ်ခုပါ။ လူတိုင်းက ဒါကို ဝေမျှနိုင်ပါတယ်” လို့ Jay-Z က ဆိုပါတယ်။
Tidal ဟာ စီဒီ အရည်အသွေးမျိုးရမယ့် ဂီတတွေကို စုစည်းပေးထားမှာဖြစ်ပြီး သီချင်းပေါင်း ၂၅ သန်း နဲ့ ဗီဒီယိုပေါင်း ၇၅၀၀၀ တို့ကို လစဉ်ကြေး ၉.၉၉ ဒေါ်လာတည်းနဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။Tidal ရဲ့ ၀န်ဆောင်မှုဟာ Deezer Elite နဲ့ Spotify Premium တို့လို ၀န်ဆောင်မှုမျိုးပဲ ဖြစ်ပါတယ်။
လက်ရှိမှာ Deezer Elite ဟာ သုံးစွဲသူ ၁၅ သန်းရှိပြီး Spotify Premium ကတော့ သုံးစွဲသူ ၆ သန်းပဲ ရှိပါတယ်။ Tidal ကတော့ သုံးစွဲသူ အရေအတွက် ၅ သိန်း ၄ သောင်းယောက်သာ ရှိသေးတယ်လို့ သိရပါတယ်။
Ref:rollingstone
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment