ကွယ်လွန်သူ စင်ကာပူခေါင်းဆောင်လီကွမ်ယုအား ယူကျု့ဗီဒီယိုတွင် ဝေဖန်ပုတ်ခတ်သည့် စင်ကာပူလူငယ် အမ်မို့စ်ယီးကို စင်ကာပူတရားရုံးက ထောင်ဒဏ် သုံးနှစ် စီရင်ချက် ချမှတ်တော့မည်ဖြစ်သည်။
အသက် ၁၆ နှစ်အရွယ် ယီးသည် မတ်လအတွင်းက လီကွမ်ယု သေဆုံးပြီးနောက် တစ်နေ့တွင် ဝေဖန်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ယီးက ၎င်းတွင် အပြစ် မရှိကြောင်း ထွက်ဆိုထားသည်။
ယီး၏ ယူကျု့ဗီဒီယိုတွင် လီကွမ်ယုကို ခရစ်တော်နှင့် အတူ ဝေဖန်ထားခြင်းဖြစ်သည်။ ၎င်းအားညစ်ညမ်းကြမ်းတမ်းသော အပြုအမှုများ ပြောဆိုပြုကျင့်ခြင်းဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
လီကွမ်ယုတော့ နောက်ဆုံးသေတာပဲ ဟု အမည်ပေးထားသည့် ဗီဒီယိုကို မတ် ၂၃ ရက်က တင်ခဲ့ခြင်းဖြစ်သည်။ ယီးသည် လီကွမ်ယု ကိုလှောင်ပြောင်သရော် သည့် ကာတွန်းပုံများကိုလည်း ကြိမ်ဖန်များစွာတင်ခဲ့သူဖြစ်သည်။
လူပေါင်း ၃၀ ထက်မနည်းက ယီးအား ရဲထံ တိုင်ကြားမှုများပြုလာ၍ အာဏာပိုင်များက သူ့အား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ လီကွမ်ယုကို ဆန့်ကျင်သည့် ထင်မြင် ချက်များနှင့် ဆက်စပ်ကာ နှောင့်ယှက်စော်ကားမှုဖြင့် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လီကွမ်ယုသည် အာဏာသက်ဦးဆံပိုင်ပြုသည်ဟု အငြင်ပွား ဖွယ်ခေါင်းဆောင် တစ်ဦးဖြစ်သော်လည်း စင်ကာပူနိုင်ငံအား တည်ထောင်အလုပ် အကျွေးပြုခဲ့သူ အဖြစ် နိုင်ငံသားများက နက်နက်နဲနဲလေးစားမှုကို ခံယူရသည့် ခေါင်းဆောင်ဖြစ်သည်။
Source:mizzimaburmese.com
0 comments:
Post a Comment