ထပ်မံလှုပ်ခတ်သည့် နီပေါငလျင် လူ ၁၀ ဦးသေ အများအပြား ဒဏ်ရာရ


မေ ၁၂ ရက်က နီပေါမှာ ထပ်မံလှုတ်ခတ်ခဲ့တဲ့ နီပေါ ငလျင်ကြောင့် အနည်းဆုံး လူ ၁၀ ဦး သေဆုံးသွားပြီ ဖြစ်သလို လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။


ပြင်းအား ၇.၄ ရှိတဲ့ ငလျင်ကြောင့် အဆောက်အဦတွေ အမြောက်အမြား ပြိုကျခဲ့သလို အပျက်အစီး ကြားထဲမှာ လူတွေ ပိတ်မိနေတယ်လို့ နီပေါ ရေဒီယိုက ထုတ်လွင့်သွားပါတယ်။

ဒီအထဲက သေဆုံးသူ ၄ ဦးက ချောက်တရာက ဖြစ်တယ်လို့ နိုင်ငံတကာ ရွှေ့ပြောင်းနေ ထိုင်ခြင်း ဆိုင်ရာ အဖွဲ့အစည်းကို ကိုးကားပြီး ရိုက်တာ သတင်းက ရေးပါတယ်။

အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနက ဧ၀ရတ်တောင်ခြေအနီးက နမ် ချီ ဘာဇာမြို့ အနောက်ဘက် ၆၈ ကီလိုမီတာအကွာမှာ ဗဟိုပြုလှုပ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အရင်က ငလျင်လှုပ်ခဲ့ပြီး အခုတကြိမ် ငလျင်ထပ်လှုပ်တဲ့အတွက် လူအမြောက်အမြား ကြောက်လန့်ခဲ့တယ်လို့ သတင်းမှာရေးပါတယ်။

ငလျင် ဗဟိုပြုခဲ့တဲ့ ဒေသဟာ ဧပြီ ၂၅ ရက် ငလျင်တုန်းက နှင်းပြိုမှုဖြစ်ပြီး လူ ၁၈ ယောက်သေခဲ့တဲ့ တောင်တက်စခန်းနဲ့ နီးကပ်ပါတယ်။ နီပေါမှာ လက်ရှိ အချိန်ဟာ တောင်တက်ရာသီပါတယ်။

လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ငလျင်လှုပ်ပြီး လူ ၈ ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ငလျင်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်တဲ့အချိန်မှာ နောက်ထပ် အားပြင်းတဲ့ ငလျင်တခုနဲ့ ကြုံရတာ ဖြစ်ပါတယ်။

By ဒီဗွီဘီ
http://burmese.dvb.no

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment