မုံရွာ-ခင်ဦး မီးရထားတွဲ တိမ်းမှောက် (ရုပ်သံ)


 မုံရွာမြို့ကနေ ခင်ဦးမြို့ကို ပြေးဆွဲနေတဲ့ မီးရထားတတွဲ မြို့အထွက်မှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

မုံရွာမြို့နဲ့ ခင်ဦးမြို့ကို ပြေးဆွဲနေတဲ့ မီးရထား အတွဲတတွဲဟာ မေလ ၁၄ ရက် နေ့လယ် ၃ နာရီအချိန်လောက်က မုံရွာမြို့အထွက် အထပ်သားစက်ရုံအနီးမှာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ပါတယ်။

မုံရွာဘူတာကြီးကနေ ၂ နာရီ ၁၅ မိနစ်က စတင်ထွက်ရှိခဲ့ပြီး မုံရွာမြို့အထွက် အထပ်သား စက်ရုံအနီး ရောက်ရှိတဲ့အခါမှာ အခုလို တိမ်းမှောက်ခဲ့တာ ဖြစ်ပါတယ်။

ရထားတွဲမှာ ပါလာတဲ့ ခရီးသည်ဦးရေ ၈၀ လောက်ရှိပြီး ဒဏ်ရာပြင်းပြင်းထန်ထန် ရတဲ့သူတော့ မရှိပါဘူး။

စက်ခေါင်း အနောက် ၃ တွဲမြောက် ရထားတွဲ မှောက်ခဲ့တာဖြစ်ပြီး တွဲအောက်ခြေက ဘီးတွေနဲ့ စက်ပစ္စည်းတချို့ တိမ်းမှောက်တဲ့ အရှိန်ကြောင့် ပြတ်ထွက်ကုန်ပါတယ်။

ဒီရထားတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုတော့ အတိအကျ မသိရသေးဘဲ စုံစမ်းနေဆဲ ဖြစ်တယ်လို့ အလုံမီးရထားရုံပိုင် ဦးစောသိန်းဝင်းက ဆိုပါတယ်။

မုံရွာမြို့အထွက် မီရထားတိမ်းမှောက်မှုဟာ ပထမဆုံးအကြိမ်ဖြစ်ပြီး မုံရွာ-ခင်ဦး မီးရထားခရီးစဉ်တွေ ခေတ္တ ရပ်ဆိုင်းထားရပါတယ်။

ရထားတွဲ တိမ်းမှောက်မှုကြောင့် ကားကြုံတွေနဲ့ ခရီးသည်တချို့ကို တင်ဆောင်သွားကြပေမယ့် ခရီးသည်များတဲ့အတွက် ကားမလုံလောက်မှုတွေ ဖြစ်ခဲ့ပြီး ကြန့်ကြာမှုတွေ ရှိခဲ့တယ်လို့ ခရီးသည်တွေက ပြောပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment