အမေရိကန် နှင့် တရုတ်စစ်ရေယာဉ်များ တောင်တရုတ်ပင်လယ် အတွင်းရှိ အငြင်းပွား နေပိုင်နက်အတွင်း ထိပ်တိုက်တွေ့ဆုံ


ဝါရှင်တန် ၊ ၂၁-၅-၂၀၁၅

တောင်တရုတ် ပင်လယ်အတွင်း ရှိ အငြင်းပွား ရေပိုင်နက် နေရာ တစ်ခုဖြစ်သည့် စပရက်တလီ ကျွန်းစု အနီးတွင် အမေရိကန်နှင့် တရုတ် စစ်သင်္ဘော များသည် ထိပ်တိုက် တွေ့ဆုံခဲ့ကြောင်း Press TV က ယမန်နေ့တွင် ဖော်ပြထားသည်။

အမေရိကန် စစ်သင်္ဘော တစ်စီး ဖြစ်သည့် USS Fort Worth သင်္ဘောသည် တရုတ် စစ်သင်္ဘောနှင့် အငြင်းပွား ရေပိုင်နက် တစ်ခုဖြစ်သည့် စပရက်တလီ ကျွန်းစုအနီးတွင် ထိပ်တိုက်တွေ့ဆုံ ခဲ့ခြင်းဖြစ်ပြီး ထိုသို့ မမျှော်လင့်ဘဲ တွေ့ဆုံချိန်တွင် အချက်ပြရန် တရုတ်နိုင်ငံ နှင့် သဘော တူညီချက် ရရှိပြီး ဖြစ်ကြောင်း အမေရိကန် ရေတပ် ဗိုလ်ချုပ်ကြီး မစ်ချယ်လ် ဟောင်းဝပ် က ပြောကြားခဲ့သည်။

အဆိုပါ စစ်သင်္ဘောများ ထိပ်တိုက် ရင်ဆိုင်မှုသည် အမေရိကန် အစိုးရက တောင်တရုတ် ပင်လယ် အတွင်းရှိ အငြင်းပွား ရေပိုင်နက် အနီးသို့ ၄င်းတို့၏ စစ်သင်္ဘော များနှင့် လေယာဉ်တင် သင်္ဘောတစ်စီးကို ပို့ဆောင်ရန် စဉ်းစားလျက် ရှိသည်ဟု ဂျာနယ် တစ်ခုက ထုတ်ပြန်ခဲ့ပြီး သီတင်းပတ် တစ်ပတ် အကြာတွင် ထွက်ပေါ် လာခဲ့ခြင်း ဖြစ်ကြောင်း Press TV သတင်းဌာနက ဖော်ပြထားသည်။

ထို့ပြင် အငြင်းပွား ရေပိုင်နက် အတွင်း ထောက်လှမ်းရေး လေယာဉ်များကို စေလွှတ်ရန် အမေရိကန် ကာကွယ်ရေး ဝန်ကြီး က တောင်းဆိုထားကြောင်း ယင်း အငြင်းပွား ရေပိုင်နက် အတွင်း၌ တရုတ်နိုင်ငံက ကျွန်းအတု များကို တည်ဆောက်လျက် ရှိပြီး ၄င်းတို့ တည်ဆောက် နေသည့် ကျွန်းများသည် တရုတ်နိုင်ငံ၏ အချုပ်အခြာ အာဏာပိုင်နက် အတွင်း ရှိသည်ဟု တရုတ် အစိုးရက ပြောကြား ခဲ့သည်။

ထိုသို့ တရုတ်နိုင်ငံ၏ လုပ်ရပ်နှင့် စပ်လျဉ်း၍ ဖိလစ်ပိုင် နှင့် ဗီယက်နမ် နိုင်ငံ အပါအဝင် အိမ်နီးချင်း နိုင်ငံများက ကန့်ကွက် ထားကြောင်း ဖော်ပြချက်များ အရ သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment