ရန်ကုန် မေ ၁၁
မေ ၉ ရက် နံနက်ပိုင်းက သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ် ဘူတာအနီး လေးထောင့်ကန်ရပ်ကွက်နှင့် ကြီးပွားရေး ရပ်ကွက်ကြားရှိ တည်ဆောက်ထားသော သံလမ်းကူး လူကူးခုံးကျော် တံတားပေါ်မှ ဖြတ်သန်းသွားလာသော အမျိုးသားတစ်ဦး တံတားပေါ်မှ အောက်သို့ပြုတ်ကျ သေဆုံးမှု ဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ မေ ၉ ရက် နံနက် ၉ နာရီက ဦးအေးမြင့် (၇၄နှစ်) ကြီးပွားရေးရပ်ကွက် သံလမ်းအနီး နေထိုင်သော ကျန်းမာရေးမကောင်းသူသည် စံပြဈေးဘက်ခြမ်းမှ ကြီးပွားရေးရပ်ကွက်ဘက်ခြမ်းသို့လာရန် သံလမ်းလူကူး ခုံးကျော်တံတားပေါ်သို့ တက်လာစဉ် အမြင့် ပေ ၁ဝ ကျော် ခုံးကျော်တံတားပေါ်မှ တံတားအောက်သို့ ပြုတ်ကျ ရာ ဦးခေါင်းနှင့်ကြမ်းခင်းဆောင့်မိပြီး မျက်နှာနှင့် ဦးခေါင်း ထိခိုက်ဒဏ်ရာများရရှိကာ နေရာတွင်ပွဲချင်းပြီး သေဆုံးခဲ့ သည်။
ဖြစ်ပွားရာသို့ သုဝဏ္ဏနယ်မြေရဲစခန်း စခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ ကြီးပွားရေးရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များရောက်ရှိကာ အလောင်းအားစစ်ဆေးပြီး မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြသည်။ မိုးရာသီရောက်တော့မည်ဖြစ်ရာ လက်ရန်းပြုတ်ထွက်ကာ ကြမ်းခင်းများ ကြံ့ခိုင်မှုအားနည်းနေသော အဆိုပါလူကူး တံတားကို မိုးမကျမီ အမြန်ဆုံးပြုပြင်တည် ဆောက်ရန် နေ့စဉ်တံတားပေါ်မှ သွားလာသောပြည်သူ များ လိုလားလျက်ရှိကြသည်။
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

0 comments:
Post a Comment