ဂူးဂူးဟေမာန်
၂ဝဝ၇ ခုနှစ်မှာ တစ်ကိုယ် တော်ခွေ ပထမဆုံး စထုတ်ဖြစ် တယ်။ ဒီကြားထဲ မလုပ်ဖြစ်တော့ ဘူး။ ၂ဝ၁၄ ကျမှ ဒုတိယ တစ်ခွေပြန် လုပ်ဖြစ်တယ်။ အခက်အခဲ ကတော့ စပြီး ဂီတ အနုပညာလောက ထဲ ဝင် လာတုန်းက အသိ မိတ်ဆွေရှိပေ မယ့် ပရိသတ်တွေ နဲ့ မရင်းနှီးသေး တော့ အခက်အခဲ ရှိတာပေါ့။ တ ဖြည်းဖြည်း ကြိုးစားလာပြီး အခု ဒီ ၇ နှစ်၊ ၈နှစ် အတွင်းမှာ ပြောင်း လဲသွားတာက အဆိုတော်တွေ အများကြီး ဖြစ်လာတာပဲ။ ဒီကြား ထဲ အခွေထွက်ပြီ ဆို နောက်နေ့ ခိုးကူးကပါ ထွက်လာတယ်။ အဆို တော်သစ် တစ်ယောက် အတွက် ခိုးကူးက အဆင်ပြေသလိုပဲ ကြော်ငြာ အားကောင်းတာပေါ့။ ဒါပေမဲ့ ငွေကြေး အားဖြင့်တော့ အဆင် မပြေတာတွေ ဖြစ် သွား တာပေါ့။ အောင်မြင်ပြီးသား အဆိုတော် တစ်ယောက် အတွက်တော့ ထိခိုက်တာပေါ့။ ပရိသတ် အတွက် ကြည့် ပြန်တော့လည်း လက်တစ်ကမ်း မှာရနိုင်တယ်။ ဈေး သက်သာ တယ်။ ဒါပေမဲ့လ ည်း အနုပညာရှင်တွေ အတွက်ကတော့ ဆုံးရှုံးမှု ရှိသွား တယ်။
စိန်လင်း (Aroma)
အလှဖန်တီးရှင် ကင်မရာမန်း ကနေ ဂီတ လမ်းကြောင်းကို အဆို တော် အသစ် တစ်ယောက်အနေနဲ့ ဝင်လာတော့ ခက်ခဲမှုတွေတော့ ကြုံရတယ်။ ဝါသနာ တစ်ခုကြောင့် ခက်ခဲတာ ကို ကျော်ဖြတ်လာတယ်။ လူဆိုတာ ကတော့ ဘာလုပ်လုပ် မျှော်လင့်ချက် ထားရင် အကောင်း ပဲထားတယ်လေ။ ကျွန်တော် ပထမ ဆုံး ‘ပေါက်နေပြီ’ အခွေ ကို ငွေအား ဖြင့် အကျိုးအမြတ် ကို မမျှော်လင့် ဘူး။ ပရိသတ် အသိအမှတ်ပြုမှု၊ ပရိသတ် အားပေးမှုကိုပဲ မျှော်လင့် တာပါ။ ငွေကြေးပိုင်း မှာလည်း ရှုံး မှန်းသိသိကြီးနဲ့ လုပ် တာပါ။ ဘယ် လောက်ရှုံးရှုံး ပရိသတ်တွေ မူရင်း အခွေ ဝယ်အားပေးရင်ပဲ ကျေနပ် တယ်။ အဆိုတော်တွေ အခွေ ထွက်ပြီဆိုတာ နဲ့ ခိုးကူးတွေ လိုက် ထွက်တယ်။ ခိုးကူး ဆိုတာလည်း သူတို့ စီးပွားရေး၊ သူတို့က ဒီဟာနဲ့ ရပ်တည်နေတော့ ဘယ်လိုမှ သဘော မထားပါဘူး။ သူတို့လည်း တကယ် ဆိုရင် မူရင်း အနုပညာ တစ်ခုကို ဖန်တီးတဲ့ အနုပညာရှင် တွေရဲ့ ငွေကြေး၊ လူအင်အား၊ လုပ်အားတွေကို လေးစားသမှု ထားသင့်တယ်။ ခုခေတ် နည်း ပညာတွေ ကလည်း အရမ်းတိုး တက်နေတော့ လွယ်လွယ် ကူကူ ကူးယူလို့ ရတော့ လုပ်ကြတာပေါ့။ အသစ်တစ်ယောက် အတွက် အ ကောင်းဘက် ကမြင်ရင် ပရိသတ်နဲ့ ပိုထိတွေ့မယ် ဆိုပေမယ့် အောင် မြင်နေတဲ့ အနုပညာရှင် အတွက် ကတော့ ထိခိုက်မှုတွေ များတာပေါ့။ တကယ်လို့ မူရင်းအခွေကို ကုန် တိုက်ကြီးတွေမှာ အပြင် လမ်းဘေး နားက ဆိုင်လေးတွေ နေရာအစုံ တရားဝင် ရောင်းနိုင်ဖို့ ဂီတ အစည်းအရုံး နဲ့ ရောင်းတဲ့သူတွေ ညှိနှိုင်း ပြီးလုပ်နိုင်ရင်တော့ အနုပညာ သမားအတွက်ရော၊ ရောင်းတဲ့ လူတွေ အတွက်ရော၊ ပရိသတ်တွေ အတွက်ရော အဆင်ပြင် မယ် လို့ မြင်မိတယ်။
ဇွဲပြည့်
အသစ်တစ်ယောက် အနေနဲ့ ဒီဂီတလောက ကို ဖြတ်သန်းလာ တဲ့အခါ ဆရာကောင်းတွေ နဲ့ကြုံ တွေ့ရတာ ကျွန်တော့် ကုသိုလ်ကံ ပဲထင်တယ်။ အရမ်းကြီးတော့ အ ခက် အခဲတွေ မကြုံတွေ့ခဲ့ရဘူး။ ဒါပေမဲ့ အခွေတစ်ခွေ ထွက်ဖို့ဆို တာက မလွယ်ဘူး။ ကျွန်တော် တစ် ကိုယ်တော် အခွေတွက် တော်တော် ကြိုးစားခဲ့ရတယ်။ ဓာတ်ပုံ ကျေးဇူး တင်လွှာ ကအစ ကျွန်တော် ကိုယ်တိုင်ပဲ လုပ်ခဲ့တယ်။ ကိုယ်တိုင်လုပ် မှ စိတ်ချတတ်တဲ့ အကျင့်ကြောင့် ပါ။ အခွေ ထွက်တဲ့နေ့မှာပဲ ကျွန် တော် ဆေးရုံရောက် ခဲ့ တယ်။ ဆေးစစ်တော့ အစာအိမ် ဖြစ်နေတယ်။ အဲဒီလောက် ကြိုးစားတာတောင် ကျွန်တော် အခွေထွက်ပြီး နောက် နေ့မှာ ခိုးကူးထွက်လာတယ်။ ကျွန် တော့်ကာဗာ အတိုင်း ပဲ ကျွန်တော့် ပုံနဲ့ မှတ်မှတ်ရရ ငါးခွေတောင် ဝယ်ထားလိုက်တယ်။ ကျွန်တော် ပြန်တွေး လိုက်တာပါ။ မူရင်းခွေ ဆိုတာက နေရာ အစုံ တောထဲ တောင်ထဲ အထိ ရောက်ဖို့ ဆိုတာ ခက်ခဲတယ်။ ရောက်နိုင်မယ့် ဖြန့်ချိ ရေး လည်း မြန်မာမှာ မရှိသေးဘူး။ တချို့ နယ်တွေမှာ ဆို ကျွန်တော်တို့ ကိုအားပေးတာ က ဒီခိုး ကူးခွေတွေ ကြောင့် ဆိုတော့ ဘာပြောရတော့ မှာလဲ။ ကျွန်တော် ဖြစ်ချင်တာက ခိုးကူးခွေတွေ ရောင်းတဲ့သူ ဖြန့်ချိတဲ့ သူတွေဟာ တကယ်လို့ ခိုးကူးခွေ တွေ ဖြန့်ချိသလိုမျိုး မူရင်းခွေတွေ ကိုသာ ဖြန့်ချိရောင်းချပေးနိုင်ရင် အနုပညာသမားအတွက်ရော၊ သူ တို့အတွက်ရော အဆင်ပြေတာ ပေါ့။ ဒါက ဖြစ်ချင်တာပါ။
ရှိုင်းဇေ
အသစ်တစ်ယောက် အတွက် ဂီတ အနုပညာလောက က စိန်ခေါ် မှုများတယ်။ ကိုယ်က အခုမှ စပြီး ခြေလှမ်း လှမ်းတော့ မျှော်မှန်းချက် ကြီးကြီးမားမားတွေ မထားရဲသေး ဘူး။ ဒါပေမဲ့ ကိုယ့်အခွေ လူတော တိုးနိုင်အောင်တော့ အကောင်းဆုံး ကြိုးစားထားတယ်။ MTV အခွေ ကိုလည်း တစ်နှစ်တိတိ အချိန်ယူ ပြီး အကောင်း ဆုံး ဖြစ်အောင် ပြည်ပတွေထိ သွားရိုက်ကူးထား တယ်။ အကုန်အကျ လည်း များခဲ့ တယ်။ ဒါပေမဲ့ မူရင်း အခွေဖြန့်ပြီး ခိုးကူးကပါ ပေါ်လာတော့ စိတ်ညစ် ရတာပေါ့။ ဒါက ဂီတ အနုပညာ ရှင်တိုင်း ကြုံတွေ့ရတဲ့ ပြဿနာ ဆိုတော့ ဘာပြောလို့ ရမှာလဲ။ ကိုယ့်ဘက်က အတတ်နိုင်ဆုံး အကောင်းဆုံး ဖြစ်အောင် လုပ်ရ တာပဲ။ အခုမှ စတာ ဆိုတော့ ပိုပြီး ပင်ပန်းတယ်။ အနုပညာ ဆိုတာ ကလည်း အားပေးတဲ့လူ ရှိမှ လုပ် လို့ရမှာ ဆိုတော့ ကျွန်တော့်လို အသစ် တစ်ယောက် အတွက်တော့ ပရိသတ် အားပေးမှုထက် ဘာမှမ တောင့်တပါဘူး။
ထူးထူး တွေ့ဆုံမေးမြန်းသည်
Source:popularmyanmar.com
0 comments:
Post a Comment