ဆော်ဒီတွင် ခေါင်းဖြတ်သေဒဏ်စီရင်ပေးမည့် လက်မရွံ့ပါးကွက်သား ရှစ်ယောက် အလိုရှိကြောင်း ကြော်ငြာ


ဆော်ဒီအာရေဗီးယား ဘုရင့်နိုင်ငံတွင် ပြစ်မှုကျူးလွန်သူများကို ပြည်သူ့ရှေ့မှောက်၌ ခေါင်းဖြတ်အဆုံးစီရင် လေ့ရှိသည်။ ယနေ့အချိန်တွင် ယင်းကဲ့သို့ ခေါင်းဖြတ်အဆုံးစီရင်မှုများ များပြားလာ၍ ခေါင်းဖြတ်ပေးသည့် ပါးကွက်သားများ လိုအပ်လာသဖြင့် နောက်ထပ်ပါးကွက်သားအသစ်များကို ကြော်ငြာပြီး ခေါ်ယူခန့်ထား နေရသည်။

ခေါင်းဖြတ်ပေးမည့်သူ့တွင် အထူးအရည်အချင်းရှိရန် မလိုကြောင်း၊ ၎င်း၏ အဓိကလုပ်ငန်းတာဝန်မှာ သေဒဏ် စီရင်ပေးရန်ဖြစ်ကြောင်း၊ ပြစ်မှုအသေးအမွှားကျူးလွန်သူများကိုလည်း ခြေဖြတ်လက်ဖြတ် စီရင်မှုပြုလုပ်ပေးရမည်ဖြစ်ကြောင်း ဆော်ဒီနိုင်ငံ၏ ၀န်ထမ်းရွေးချယ်ရေးဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

ဆော်ဒီဘုရင့်နိုင်ငံသည် ကမ္ဘာပေါ်တွင် သေဒဏ်ပေးမှုအများဆုံး ငါးနိုင်ငံ၌ ထိပ်ဆုံးမှာရှိသည်ဟု လူ့အခွင့်အရေးအုပ်စုများက ပြောသည်။ ၂၀၁၄ ခုနှစ်က ဆော်ဒီတွင် ၈၈ ဦးကို သေဒဏ်ပေးခဲ့ပြီး သေဒဏ်စီရင်မှုအများဆုံးနိုင်ငံများစာရင်းတွင် တရုတ်နှင့် အီရန်ပြီးလျှင် တတိယအဆင့်၌ ရှိခဲ့သည်။ အဆင့်လေးနှင့် အဆင့်ငါးတွင် အီရတ်နှင့် အမေရိကန်တို့ ရှိခဲ့သည်။ ပြီးခဲ့သော တနင်္ဂနွေနေ့က ဆော်ဒီတွင် လူတယောက်ကို ခေါင်းဖြတ်အပြစ်ပေးခဲ့၍ ယင်းမှာ ယခုနှစ်အတွင်း ၈၅ ယောက်မြောက် ခေါင်းဖြတ်အပြစ်ပေးခံရသူဖြစ်သည်။

ခေါင်းဖြတ်အပြစ်ပေးခံရသူ အများစုမှာ လူသတ်မှုကျူးလွန်ခဲ့မှုကြောင့်ဖြစ်ပြီး ၃၈ ယောက်မှာမူ မူးယစ်ဆေးဝါး ကျူးလွန်ခဲ့မှုကြောင့် ဖြစ်သည်။ ခေါင်းဖြတ်အပြစ်ပေးခံရသူတ၀က်ခန့်မှာ ဆော်ဒီနိုင်ငံသားများဖြစ်ပြီး ကျန်သူများမှာ ပါကစ္စတန်၊ ယီမင်၊ ဆီးရီးယား၊ ဂျော်ဒန်၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ မြန်မာ၊ ချတ်နိုင်ငံ၊ အီရီတရီရား၊ ဖီလစ်ပိုင်နှင့် ဆူဒန်နိုင်ငံများမှ ဖြစ်သည်။

ယခုကဲ့သို့ ခေါင်းဖြတ်အပြစ်ပေးခံရသူများပြားလာမှုနှင့်ပတ်သက်၍ ဆော်ဒီ အာဏာပိုင်များက ရှင်းလင်းဖော်ပြခြင်း မရှိချေ။ သို့သော် ဤကဲ့သို့ တိုးပွားလာရခြင်းမှာ တရားသူကြီးများကို ပို၍တိုးချဲ့ခန့်ထားပြီး အယူခံမှုများကို အမြန်ဆုံးကြားနာနိုင်ခြင်းနှင့်ဒေသဆိုင်ရာ ဆူပူလှုပ်ရှားမှုများကို တရားသူကြီးများကို ပြင်းထန်စွာတုံ့ပြန် အရေးယူမှုတို့ကြောင့်ဖြစ်ကြောင်း သံတမန်များနှင့် လေ့လာသူများက ခန့်မှန်းကြသည်။ ခေါင်းဖြတ်ပေးမည့်သူအလိုရှိသည်ဟူသော ကြော်ငြာကို အစိုးရ၀က်ဘ်ဆိုက်တွင် ကြေညာရာ၌ ''ဘာသာရေး လုပ်ငန်းဆောင်ရွက်ပေးသူ''ဟု အမည်နာမတပ်၍ ကြေညာထားခြင်း ဖြစ်သည်။ သို့သော်လည်း ၎င်းတို့၏စာမှာမူ ဆော်ဒီနိုင်ငံ၏ ၀န်ထမ်းလစာအနိမ့်ဆုံးအဆင့်တွင်သာ ရှိသည်။

ရည်ညွှန်း - ဂါးဒီးယန်း
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment