မက်ဆီကို နိုင်ငံ မြောက်ပိုင်း နယ်စပ်မြို့ Ciudad Acuna တွင် တိုနေဒို မုန်တိုင်းကျရောက်တဲ့အတွက် အနည်းဆုံး လူ ၁၃ ဦးသေဆုံးသွားပါတယ်။
Texas ပြည်နယ် Del Rio နယ်စပ်နဲ့ မျက်နှာချင်းဆိုင်Coahuila ပြည်နယ်မှာ အိမ်ပေါင်း ရာနဲ့ချီ ပျက်စီးသွားပါတယ်။
လူကြီး ၁၀ ဦးနဲ့ ကလေး ၃ ဦးသေဆုံးခဲ့ပြီး မွေးကင်းစ ကလေးငယ် ၁ ဦး ပျောက်ဆုံးနေကာ လူပေါင်း ၁၅၀ လောက် ဆေးရုံသို့ ပို့ဆောင်ထားရကြောင်း Coahuila ပြည်နယ် အုပ်ချုပ်ရေးမှူး Ruben Moreira က ပြောပါတယ်။
BBC Burmese
https://www.facebook.com/bbcburmese



0 comments:
Post a Comment