ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်ပေး စက်ရုံများ ၂၀၁၇ ခုနှစ်တွင် လုံးဝဖယ်ရှားရန် တရုတ်အစိုးရ ကတိပေး


ပေကျင်း ၊ ၂၆-၅-၂၀၁၅

လေထု ညစ်ညမ်းမှု အကြီးအကျယ် ခံစားနေရသော တရုတ် နိုင်ငံကြီးတွင် ၂ဝ၁၇ ခုနှစ် နောက်ဆုံးထား၍ ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံများကို ပိတ်သိမ်း သွားမည် ဖြစ်ကြောင်း တာဝန်ရှိ ပုဂ္ဂိုလ်များက ပြောဆို လိုက်သည်။ ၄င်းတို့အစား ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကြီး လေးလုံးကို လာမည့်နှစ်တွင် တည်ဆောက် သွားမည်ဟု သိရသည်။

တရုတ်နိုင်ငံ၏ လေထုကို အများဆုံး ဒုက္ခပေး နေသည်မှာ ဆာလဖာ ဒိုင်အောက်ဆိုဒ် များဖြစ်ပြီး တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် မီးခိုးမှုန့်များ ကင်းသော သန့်ရှင်းသော လေထု ရရှိရန်မှာ ဆယ်စုနှစ် နှစ်စုခန့် အချိန်ယူ ရမည် ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သော နှစ်ကစ၍ ပေကျင်း မြို့တော်၏ လေထု သန့်ရှင်းရေး စစ်ပွဲဆင်နွှဲ စေခဲ့ပြီး တရုတ်နိုင်ငံ တွင် ယနေ့ ဖြစ်ပွားနေသော မြေ၊ ရေနှင့် လေထု ညစ်ညမ်းမှုကြောင့် ပြည်သူများ စိတ်လက် မကြည်မသာ ဖြစ်လျက် ရှိသည်။

ယင်းအတွက် ပေကျင်း မြို့တော်ရှိ စက်ရုံ၊ အလုပ်ရုံများကို ဘူဆိုင်းပြည်နယ် သို့ ပြောင်းရွှေ့ရန် တရုတ်အစိုးရ က ပြည်သူများကို ကတိပေးခဲ့ပြီး ဖြစ်သည်။

ကျောက်မီးသွေး သုံးစွဲမှု ကိုလည်း ၂ဝ၁၇ ခုနှစ်တွင် တန်ချိန် ၁ဝ သန်း အနည်းဆုံး လျှော့ချ ပေးသွားမည်ဟု ကြေညာခဲ့ပြီး ဖြစ်သည်။ ယခုနှစ် အတွင်း တန်ဖိုး အမေရိကန် ဒေါ်လာ ၇ ဒသမ ၇ဝ ဘီလီယံ ရှိသော သဘာဝ ဓာတ်ငွေ့သုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကြီး လေးလုံး တည်ဆောက် သွားပြီး ၄င်း စက်ရုံများမှ ရရှိသော လျှပ်စစ် ဓာတ်အားဖြင့် မြို့တော်သူ၊ မြို့တော်သား ဦးရေ သန်း ၂ဝ ကျော်တို့အတွက် အိမ်တွင်း အနွေးဓာတ်ပါ ထုတ်လုပ် ပေးသွားမည် ဖြစ်သည်။

အဆိုပါ ဓာတ်ငွေ့အားသုံး လျှပ်စစ် ဓာတ်အားပေး စက်ရုံကြီး လေးလုံးသည် ယခု သုံးစွဲနေသော ကျောက်မီးသွေးသုံး လျှပ်စစ် ဓာတ်အားပေးစ က်ရုံများမှ ထုတ်လုပ်ပေး နေသော လျှပ်စစ်စွမ်းအား ၏ ၇ဝ ရာခိုင်နှုန်း ကို အစားထိုး ထုတ်လုပ် ပေးသွားမည် ဖြစ်သည်။

ပေကျင်းမြို့တော် တွင် ပြီးခဲ့သော နှစ်တစ်နှစ်တည်း အတွင်း လျှပ်စစ်စွမ်းအား နှင့် အခြား လုပ်ငန်း များအတွက် သဘာဝ ဓာတ်ငွေ့ ကုဗမီတာ ပေါင်း ၁၁ ဒသမ ၃ ဘီလီယံ သုံးစွဲခဲ့ ရသည်။ ကျောက်မီးသွေး သုံးစွဲခဲ့ရာမှ သဘာဝ ဓာတ်ငွေ့သို့ ပြောင်းလဲသုံးစွဲ လာခြင်းကြောင့် ငွေကြေး ကုန်ကျမှု များစွာ မြင့်တက် လာဖွယ်ရှိ၍ ၄င်း ကုန်ကျငွေ များကို လျှပ်စစ်ဓာတ်အား သုံးစွဲသူ ပြည်သူများ အပေါ် မကျရောက် စေရန် နိုင်ငံရေး ကျွမ်းကျင် ပညာရှင် များကလည်း ထည့်သွင်း စဉ်းစား နေရကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment