လန်ဒန် ၊ ၂၀-၅-၂၀၁၅
ဗြိတိန်နိုင်ငံတွင် လူနာ၂၁ ဦးကို အဆိပ် ထိုးသတ်ရန် ကြံစည်သူ ဖိလစ်ပိုင် သူနာပြု တစ်ဦးကို ယင်း နိုင်ငံအစိုးရက ယမန်နေ့တွင် ထောင်ဒဏ် ၃၅ နှစ်ကျခံရန် ပြစ်ဒဏ်ချမှတ် လိုက်ကြောင်း သိရသည်။
အသက် ၄၉ နှစ်အရွယ် ဗစ်တိုရီကိုချွာ အမည်ရှိ အဆိုပါ အမျိုးသား သူနာပြုသည် မန်ချက်စတာမြို့ Stepping Hill ရှိ ဆေးရုံ၌ ၂ဝ၁၁ ခုနှစ် ဇွန်လမှ ဇူလိုင်လ အတွင်း တာဝန် ထမ်းဆောင်နေစဉ် အဆိပ်ဖြစ်ပွား စေရန်အတွက် အင်ဆူလင် အပါအဝင် အခြားဆေးဝါး ပစ္စည်းများကို မလိုအပ်ဘဲ လူနာများကို ထိုးသွင်း ပေးခဲ့ခြင်း ဖြစ်ပြီး ယင်းဆေးရုံရှိ သက်ကြီးရွယ်အို လူနာအများစုမှာ အင်ဆူလင် လွန်ကဲမှုကြောင့် ရုတ်တရက် နာမကျန်း ဝေဒနာ ခံစားခဲ့ရပြီး ၄င်းတို့အနက် နှစ်ဦးမှာ သေဆုံး ခဲ့ရကြောင်း သိရသည်။
ဆေးရုံအတွင်းမှ သက်ကြီးရွယ်အို လူနာများ ရုတ်တရက် နာမကျန်း ဖြစ်လာခဲ့ခြင်း နှင့်စပ်လျဉ်း၍ စုံစမ်းရန်ဆေးရုံ အာဏာပိုင် များက ရဲတပ်ဖွဲ့ကို အကူအညီ တောင်းခံပြီး နောက်ပိုင်းတွင် သူနာပြု ချွာ သည် လူနာများကို ဆေးထိုးရာတွင် မှတ်သား ထားသည့် မှတ်တမ်းများကို အပြောင်းအလဲ ပြုလုပ်၍ အာဏာပိုင် များကို လှည့်စားရန် ကြိုးပမ်းခဲ့ သော်လည်း ပြန်လည် ကျန်းမာလာသည့် လူနာတစ်ဦး၏ ထွက်ဆိုချက် ကြောင့် ရဲတပ်ဖွဲ့က ၄င်းကို ဖမ်းဆီး နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ရဲတပ်ဖွဲ့သည် သူနာပြု ချွာ အား၂ဝ၁၂ ခုနှစ်တွင် ဖမ်းဆီး နိုင်ခဲ့ပြီးနောက် စစ်ဆေးခဲ့ရာမှ လူသတ်မှု နှစ်မှု၊ နာကျင်စေမှု တစ်မှု အပါအဝင် အခြား သူများကို နာကျင်စေရန် ကြံစည်မှု ၂၂ မှုဖြင့် တရားစွဲဆို နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
PyiChitThar
http://www.pyichitthar.com

0 comments:
Post a Comment