![]() |
| ဓာတ်ပုံ-အေအက်ဖ်ပီ |
အမေရိကန် ဘူမိဗေဒ တိုင်းတာရေးဌာနရဲ့ အဆိုအရ ဧ၀ရတ်တောင်ခြေအနီးက နမ် ချီ ဘာဇာမြို့ အနောက်ဘက် ၆၈ ကီလိုမီတာ အဝေးမှာ ပြင်းအား ၇ ဒသမ ၄ ရှိတဲ့ ငလျင် လှုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ငလျင် အရှိန်ကို အိန္ဒိယမြို့တော် နုယူးဒေလီအထိလည်း ခံစားရပြီး အဆောက်အဦတွေ တုန်ခါသွားတယ်လို့ ရိုက်တာသတင်းက ဖော်ပြပါတယ်။ အပျက်အစီးနဲ့ အသေအပျောက်စာရင်းကိုတော့ လောလောဆယ် မသိရသေးပါဘူး။ ကက်သမန်ဒူမြို့မှာ ဆိုင်ရှင်တွေကလည်း ဆိုင်ခန်းတွေကို ပိတ်လိုက်ပါတယ်။
ငလျင် ဗဟိုပြုခဲ့တဲ့ ဒေသဟာ ဧပြီ ၂၅ ရက် ငလျင်တုန်းက နှင်းပြိုမှုဖြစ်ပြီး လူ ၁၈ ယောက်သေခဲ့တဲ့ တောင်တက်စခန်းနဲ့ နီးကပ်ပါတယ်။ နီပေါမှာ လက်ရှိ အချိန်ဟာ တောင်တက်ရာသီပါတယ်။
လွန်ခဲ့တဲ့ နှစ်ပတ်ကျော်က ငလျင်လှုပ်ပြီး လူ ၈ ထောင်နီးပါး သေဆုံးခဲ့ပါတယ်။ ငလျင်အလွန် ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေ စတင်တဲ့အချိန်မှာ နောက်ထပ် အားပြင်းတဲ့ ငလျင်တခုနဲ့ ကြုံရတာ ဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no

0 comments:
Post a Comment