ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ကို ရုံးထုတ်၊ နိုင်ငံခြား ထွက်ခွာခွင့် ပိတ်ပင်


 နိုင်ငံဘဏ္ဍာငွေ သန်းပေါင်းများစွာ အရှုံးပြခဲ့တဲ့ နိုင်ငံတော် ဆန်ဝယ်ယူရေးအစီအစဉ်ကို သိလျက်နဲ့ လျစ်လျူရူ့ခဲ့တယ်ဆိုပြီး စွပ်စွဲခံထားရတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း ယင်လတ်ရှင်န၀ပ်ကို ဒီနေ့မှာ ပထမဆုံး ရုံးထုတ်ပြီး နိုင်ငံခြား ထွက်ခွာခွင့် ပိတ်ပင်လိုက်ပါတယ်။

ပြစ်မှုထင်ရှားရင် ထောင်ဒဏ် ၁၀ နှစ်ကျခံရနိုင်တဲ့အတွက် အာမခံအဖြစ် ထိုင်းဘတ်ငွေ သန်း ၃၀ နဲ့ ဒုတိယရုံးချိန်းကို ဇူလိုင်လ ၂၁ ရက်နေ့ သတ်မှတ်လိုက်ပါတယ်။

ထိုင်းဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးက ယင့်လခ်ကို လွန်ခဲ့တဲ့ တနှစ်က အာဏာအလွှဲသုံးမှုနဲ့ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်၊ ရက်သတ္တပတ်အတွင်းမှာပဲ စစ်တပ်က အာဏာသိမ်းပြီး လက်ကျန် အစိုးရအဖွဲ့ကိုလည်း ဖယ်ရှားခဲ့ပါတယ်။

ဇန်န၀ါရီလတုန်းကလည်း စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ လွှတ်တော်က ယင်လတ်ကို ဒီအမှုမှာ အပြစ်ရှိတယ်လို့ ဆုံးဖြတ်ပြီး နိုင်ငံရေးလုပ်ခွင့် ၅ နှစ် ပိတ်ပင်ခဲ့ပါတယ်။

မေလ ၁၉ ရက်နေ့ ရုံးချိန်မှာ ယင့်လခ်ကို ထောက်ခံသူ ၂၀၀ လောက်က တရားရုံးအပြင်ဘက်မှာ စောင့်ဆိုင်းခဲ့ကြပြီး ပန်းစည်း ကမ်းခဲ့ကြပါတယ်။ ယင်လတ်ကတော့ စွပ်စွဲချက်တွေကို ငြင်းဆန်ပြီး သူ့ကို နိုင်ငံရေး ရည်ရွယ်ချက်နဲ့ အမှုဆင်တာလို့ ချေပပါတယ်။

ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းခဲ့တဲ့ ကာလတလျှောက်မှာ တာဝန်တွေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့အညီ ရိုးရိုးသားသား မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တယ်လို့ ယင်လတ်က ကိုယ်ပိုင်ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

ဝေဖန်သူတွေကတော့ စပါးဝယ်ယူရေး အစီအစဉ်ဟာ လယ်သမားတွေဆီက ထောက်ခံမှု ရအောင် လူပြိန်းကြိုက် လုပ်ခဲ့တဲ့ မူဝါဒအဖြစ် မြင်ကြပါတယ်။ ဈေးကွက်ပေါက်ဈေးထက် ဈေးပိုပေးခဲ့တဲ့ စပါးဝယ်ယူရေး အစီအစဉ်ကြောင့် နိုင်ငံဘဏ္ဍာငွေ ဒေါ်လာ ၁၆ ဒသမ ၄၆ ဘီလီယံ ဆုံးရှုံးခဲ့တယ်လို့ ဘဏ္ဍာရေးဝန်ကြီးက ဖေဖော်ဝါရီလက ပြောပါတယ်။

 By ဒီဗွီဘီ
http://burmese.dvb.no
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment