ကိုလံဘီယာနိုင်ငံ၌ မြေပြိုမှုဖြစ်ပွားရာ အနည်းဆုံး လူ ၇၈ ဦးသေဆုံး




ဘိုဂိုတာ ၊ ၂၀-၅-၂၀၁၅

ကိုလံဘီယာနိုင်ငံ အနောက် မြောက်ပိုင်းတွင် ရာသီဥတု ဆိုးရွား၍ မိုးသည်းထန်စွာ ရွာသွန်းခဲ့ မှုကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇၈ ဦးထက်မနည်း သေဆုံး ခဲ့ကြောင်း CNN သတင်းတစ်ရပ် အရ သိရသည်။

အဆိုပါ မြေပြိုမှုကြောင့် သေဆုံးသူ ဦးရေမှာ ထပ်မံမြင့်တက် လာနိုင်ဖွယ် ရှိပြီး မိသားစုဝင် ငါးဦးခန့်မှာ ပျောက်ဆုံးလျက် ရှိသည့်အပြင် အခြားလူ ၅ဝ ဦးခန့်လည်း ဒဏ်ရာရရှိ ခဲ့ကြောင်း ဒေသတွင်း အစိုးရ အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ အင်းကာဒိုနာ က ပြောကြား ခဲ့သည်။

ထို့ပြင် အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့များသည် အဆိုပါ မြေပြိုမှု ဖြစ်ပွားပြီးနောက် မီဒီလင်မြို့ အနောက် တောင်ပိုင်းရှိ မြေပြိုမှု ဖြစ်ပွားရာ ကျေးရွာ အတွင်းသို့ ရောက်ရှိ လာခဲ့ပြီး ပျောက်ဆုံး သူများအား ရှာဖွေလျက် ရှိကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုသည် ယင်းဒေသတွင် မိုးသည်းထန်စွာ ရွာသွန်း ခဲ့ပြီးနောက် ဆာလ်ဂါ ဒေသရှိ Liboriana မြစ်တွင် မြစ်ရေလျှံ ခဲ့ရာမှ မေ ၁၈ ရက် အရုဏ်တက် ချိန်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်းနှင့် မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိသော မိသားစုဝင် များကို ကိုလံဘီယာ သမ္မတ ဂျူအန် မန်နျူရယ်လ် ဆန်တို့စ် က ကူညီ ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment