လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရတာကို ဆန္ဒပြတဲ့အနေနဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားကို မွေ့ယာကြီး သယ်ဆောင်လာတဲ့ ကျောင်းသူ


ဒီနေ့ဟာ Columbia ကောလိပ်ကျောင်းရဲ့ ဘွဲ့နှင့်သဘင် အခမ်းအနား နေ့ပဲဖြစ်ပါတယ်။ ကျောင်းသားများစုဟာ ကောလိပ်ကျောင်းကြီးကို နှုတ်ဆက်ရတော့မယ့် အတွက်၊ စာမေးပွဲကြီး ပြီးဆုံးသွားတဲ့အတွက် အခမ်းအနား စင်မြင့်ထက်မှာ ဂုဏ်ယူနေကြပေမယ့်လည်း Emma Sulkowicz ဆိုသူ ကျောင်းသူလေးကတော့ သူမရဲ့ မွေ့ယာ ကြီးကို ထမ်းလို့ ဘွဲ့နှင်းသဘင် အခမ်းအနားကို တက်ရောက်လာပါတယ်။
Sulkowicz ဟာ သူမရဲ့ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရခြင်းအတွက် ကောလိပ်ကျောင်းရဲ့ ကိုင်တွယ်ဖြေရှင်း ပုံကို ဆန္ဒပြတဲ့ အနေနဲ့ ကျောင်းပရ၀ုဏ်အတွင်း သူမရဲ့ မွေ့ယာကို ထမ်းပြီး လှည့်ပတ်ပြမယ်လို့ နဂိုကတည်းက သတင်းတွေ ထုတ်ပြန် ထားပြီးသားဖြစ်ပါတယ်။
သူမ ဒုတိယနှစ် ကျောင်းသူဘ၀မှာကတည်းက အခြားကျောင်းသား တစ်ယောက်ရဲ့ လိင်ပိုင်းဆိုင် အနိုင်ကျင့်ခြင်းကို ခံခဲ့ရတဲ့အတွက် ကောလိပ်ကျောင်း တာဝန်ရှိသူတွေကို တိုင်ကြားခဲ့ပေမယ့်လည်း သူမ တိုင်ကြားခဲ့သူဟာ အပြစ်မရှိဘူးလို့ ကောလိပ်ကျောင်းက သတ်မှတ်ခဲ့ပါတယ်။
အဲဒီနောက်သူမဟာ နယူးယော့ခ် ရဲတပ်ဖွဲ့ကို Title IX ဆိုတဲ့ အမေရိကန် ပညာရေး ဥပဒေပါ အချက်အလက်တွေနဲ့ တိုင်ကြားခဲ့ပါတယ်။ သူမ တိုင်ကြားတဲ့ ကျောင်းသားကိုပဲ အခြား ကျောင်းသူ ၂ ယောက်ခန့်က ကောလိပ်တာဝန်ရှိသူတွေထံ တိုင်ကြားခဲ့ပါသေးတယ်။
ဒါကြောင့် Sulkowicz ဟာ သူမရဲ့ ကောလိပ်နောက်ဆုံးနှစ် မှာ သူမ တာဝန်ယူ ပြုလုပ်ရတဲ့ thesis အမည် “Carry That Weight” ဆိုတဲ့ ခေါင်းစဉ်နဲ့ အညီ မွေ့ယာကြီးကို ဘွဲ့နှင်းသဘင် အခမ်းအနားသို့ သယ်လာတာပဲ ဖြစ်ပါတယ်။
သူမဟာ ဘွဲ့ယူရန် စင်မြင့်ပေါ်တက်တဲ့အခါမှာလည်း သူငယ်ချင်းတွေရဲ့ အကူအညီနဲ့ မွေ့ယာကိုပါ သယ်ဆောင်သွားခဲ့ပြီး ဘွဲ့ယူပြီးတဲ့ အခါမှာတော့ ကျောင်းအုပ်ကြီးဖြစ်တဲ့ Lee Bollinger ကိုလည်း လက်ဆွဲနှုတ်ဆက်ခဲ့ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။
Ref:elitedaily
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment