အလုပ်သမား သေနတ်ပစ်ခပ်ခံရမှု မြန်မာသံရုံး အမှုဖွင့်ပြီ


၂၀၁၅ မေလ ၁၂ ရက်

လုပ်အားခ တောင်းခံခြင်းကြောင့် သေနတ် ၈ ချက်  အပစ်ခံခဲ့ကြရပြီး တစ်ချက် ထိခဲ့သူ မြန်မာ သံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေး ကော် မတီနှ င့် ယနေ့ ထိုင်းရဲဌာနချုပ်တွင် အမှုဖွင့်လိုက်ပြီ   ဖြစ် သည်။

ပြီးခဲ့သည့် မေလ ၂ ရက်နေ့နံနက်က ထိုင်းနိုင်ငံတောင်ပိုင်း  စူရတ်ဌာနီ လေယာဉ် ကွင်းနောက် ဘက်တွင်ရှိသော သစ်တုံးဖြတ် အလုပ်သမား၎ဦးအား ထိုင်းလုပ်ငန်းရှင် က သေနတ်ဖြင့်ပစ် ခတ်ခဲ့သည်။ ပစ်ခတ်ခံရသည့် ဖြိုးအား MAT အဖွဲ့က ဘန်ကောက်သို့ခေါ်ယူ၍ အမှုတွဲများအား မြန်မာ သံရုံးအကူညီဖြင့် ဘာသာပြန်ဆိုမှုများပြုလုပ်ခဲ့သည်။ ထို့နောက် အတွင်းဝန်တစ်ဦးနှင့် အတူ ထိုင်းရဲဌာနချုပ် သို့ ယနေ သွားရောက်အမှုဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။

ဦးသန်းအောင်၊ ဦးအေးမင်း၊ လင်းထက်နိုင် နှင့် ဖြိုးဆိုသည့် မြန်မာအလုပ်သမား၎ဦးတို့၏လုပ်အားခ ဘတ်ငွေသုံးသောင်းကျော် အား တောင်းခံခဲ့ရာယမန်နေ့ နံနက်က သေနတ်ဖြင့်  ၈ကြိမ်ပစ်ခတ်ခံခဲ့ရသည်။ အလုပ်သမားများမှာ ထိပ်လန့်တစ်ကြားထွက်ပြေးကြရသည်။ မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ တောင်စွန်ရွာမှ အဖ ဦးတင်မြင့်+ဒေါ်စန်းဌေး တို၏သား အသက် ၂၀ အရွယ်  ဖြိုးဆိုသူ့မှာ ဘယ်ပခုံးအသားစိုင်အား ထုတ် ချင်းပေါက်ထွက်သွားခဲ့သည်။

ဖြိုးက“ရာဘာခြံသူဌေး (ဘာကု)အလုပ်သမားတွေ အလုပ်လုပ်တာ ၆လကျော် ၇လရှိပြီ။ မေလ၂   နေ့မနက်က ပစ်သတ်တာ။ အယင်တုန်းက တစ်ခြံပြီး တစ်ခြံရှင်းတယ်။ ၂ခြံပြီးပြီးလုပ်ခမရှင်းသေး။ သူဌေးရောက်လာပြီး အလုပ်လာမဆင်းလို့ဆိုပြီး သေနတ် နဲ့ လာပစ်တာ။ ပခုံကိုဖေါက်ထွက်ပြီးမေးစေ့ေ အာက် ကပွတ်သွားတယ်။ ကံကောင်းလို့မသေတာ” ဟုပြောသည်။

၂၀၁၄ ခုနှစ်ကုန်ခါနီးကလည်း စူရတ်ဌာနီ ရော်ဘာခြံတစ်ခုတွင်  မြန်မာအလုပ်သမား ၃ဦးသတ်ဖြတ်ခံခဲ့ ရသော်လည်း နယ်မြေခံအာဏာပိုင်များသည် တရားခံအား ယနေ့တိုင်ဖေါ်ထုတ်နိုင်ခြင်းမရှိသေးချေ။

ယခင်ကများစွာကလည်း ထိုင်းနိုင်ငံအနှံ့အပြားတို့တွင် မြန်မာအလုပ်သမားများအား ထိုင်းလုပ်ငန်း ရှင်ကဖြစ်စေ၊ ထိုင်းလူမျိုးများကဖြစ်စေ၊ ထိုင်းရဲတပ်ဖွဲ့က ဖြစ်စေ ပစ်သတ်ခဲ့မှုများစွာဖြစ်ပေါ်ခဲ့ဖူးသည်။ ထိုင်းနိုင်ငံအတွင်းတွင် တကမ္ဘာလုံးမှ လူမျိုးပေါင်းစုံတို့လာရောက်နေထိုင် လုပ်ကိုင်နေကြသော်လည်း   မြန်မာ   အလုပ် သမားများ၏ဘ၀မှာ အကာအကွယ်အမဲ့ဆုံးဟုဆိုနိုင်သည်။

ဆန်းဦး
Golden Worker
http://www.goldenworkers.asia
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment