နိုင်ဂျာနိုင်ငံတွင် ဦးနှောက်ရောင် ရောဂါကြောင့် သေဆုံးသူဦးရေ ၄၄၃ ဦးအထိ မြင့်တက်


နိုင်ယာမေ ၊ ၂၆-၅-၂၀၁၅

နိုင်ဂျာနိုင်ငံတွင် ဦးနှောက်ရောင် ရောဂါ ပျံ့နှံ့ဖြစ်ပွား လျက်ရှိရာ ယခုအခါ ယင်းရောဂါ ခံစားရမှုကြောင့် သေဆုံးသူ ဦးရေ ၄၄၃ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ယမန်နေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာ တစ်စောင်တွင် ဖော်ပြခဲ့သည်။

အဆိုပါ ရောဂါ ဖြစ်ပွားမှုသည် နိုင်ငံအတွင်း ယခုနှစ် ဇန်နဝါရီလ အတွင်းက စတင်ခဲ့ခြင်း ဖြစ်ပြီး ရောဂါခံစားရသူ စုစုပေါင်း ၆၆ဝ၉ ဦးအနက် ၄၄၃ ဦး သေဆုံးခဲ့ပြီ ဖြစ်ကြောင်း ကျန်းမာရေး ဝန်ကြီး မာနို အေဂါလီ က ထုတ်ပြန်သည့် အစီရင်ခံစာ တွင် ပြောကြား ခဲ့သည်။

ယင်း ဦးနှောက်ရောင် ရောဂါသည် နိုင်ငံအတွင်းရှိ နိုင်ယာမေ၊ ဒေါ့ဆို၊ တာလီဘာရီ၊ တာဟူအာ နှင့် မာရာဒီမြို့တို့ အပါအဝင် ဒေသကြီးရှစ်ခု အတွင်း အများဆုံး ဖြစ်ပွားလျက် ရှိကြောင်း သတင်း ထုတ်ပြန်ချက် အရ သိရသည်။

ရောဂါဖြစ်ပွားမှု အများဆုံး ခံရသူများမှာ အသက် နှစ်နှစ်မှ ၁၅ နှစ်အကြားရှိ ကလေးငယ်နှင့် လူငယ်များ ဖြစ်ကြောင်း၊ မြို့တော် နိုင်ယာမေ သည် ရောဂါ ဖြစ်ပွားမှု အများဆုံး ဖြစ်ပွားသည့် ဒေသတစ်ခု ဖြစ်ပြီး ယင်းတစ်မြို့ တည်း၌ပင် ရောဂါ ဖြစ်ပွားသူ ၂ဝဝ ကျော်ခန့် ရှိပြီဖြစ်သည်။ ယင်းသို့ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက် လာရခြင်းမှာ ကြိုတင် ကာကွယ်ဆေး ကို အချိန်မီ မရရှိခြင်း ကြောင့် ဖြစ်သည်ဟု ကျန်းမာရေး အာဏာပိုင် များက ထုတ်ဖော် ပြောကြား ခဲ့ကြောင်း သိရသည်။

PyiChitThar
http://www.pyichitthar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment