၂ဝ၁၅ -၂ဝ၁၆ ပညာသင်နှစ်အတွက် တစ်နိုင်ငံလုံး ကျောင်းအပ်နှံရေး သီတင်းပတ်စတင်


ရန်ကုန် ၊ ၂၆-၅-၂ဝ၁၅

''ကျောင်းနေအရွယ် ကလေးတိုင်း ကျောင်းအပ်နှံရေး ပြည်သူအားလုံး ပါဝင် ဆောင်ရွက်ပေး'' ဟူသော ဆောင်ပုဒ်နှင့် အညီ ၂ဝ၁၅- ၂ဝ၁၆ ပညာသင်နှစ် အတွက် မေ ၂၅ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေး သီတင်းပတ် အဖြစ် သတ်မှတ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အရ ရာနှုန်းပြည့် ကျောင်းအပ်နှံရေး ကျောင်းနေမြဲရေး၊ မူလတန်းပညာ ပြီးဆုံးသည် အထိ အတန်းစဉ် တက်ရောက် နိုင်ရေးကို တိုးမြှင့် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

ပညာရေး ဝန်ကြီးဌာနသည် အခမဲ့ မသင်မနေရ မူလတန်း ပညာရေး စနစ်ကို ၂ဝ၁၁- ၂ဝ၁၂ ပညာသင်နှစ်မှ စတင်၍ တစ်နိုင်ငံလုံးရှိ သူငယ်တန်းမှ စတုတ္ထတန်း အထိ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူ အားလုံး အတွက် ကျောင်းသုံး ပုံနှိပ်စာအုပ် အပြည့်အစုံ၊ ဗလာစာအုပ် ခြောက်အုပ်၊ စာရေးကိရိယာ အတွက် ငွေတစ်ထောင် တို့ကို အခမဲ့ ပေးခဲ့သည်။

၂ဝ၁၄- ၂ဝ၁၅ ပညာသင်နှစ် တွင် အခမဲ့ မူလတန်း ပညာရေးအပြင် အခမဲ့ မသင်မနေရ အလယ်တန်း ပညာရေး ကိုလည်း အကောင် အထည်ဖော်ဆောင်ရွက်ပေး ခဲ့ပြီး ယင်းနှစ်တွင် ပဉ္စမတန်းမှ အဋ္ဌမတန်းအထိ အခြေခံပညာ အလယ်တန်း ကျောင်းသား၊ ကျောင်းသူ များကို ပုံနှိပ်စာအုပ်များ အခမဲ့ ဖြန့်ဝေပေး ခဲ့ပြီး ကျောင်းလခ၊ မိဘဆရာ အသင်းရန်ပုံငွေ၊ စာကြည့်တိုက်၊ အားကစား၊ စာရေး ကိရိယာ (ASL) ရန်ပုံငွေများ ကိုလည်း ကောက်ခံခြင်း မရှိတော့ကြောင်း သိရသည်။

နဝမတန်းနှင့် ဒသမတန်း အထိ အခြေခံပညာ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အတွက် ပုံနှိပ်စာအုပ် များကို သတ်မှတ်နှုန်း အတိုင်း လိုအပ်သူ များအား ရောင်းချ ပေးခဲ့ပြီး PTA ၊ ASL ရန်ပုံငွေ၊ ကျောင်းလခ သတ်မှတ်နှုန်းမှ လွဲ၍ တခြား မည်သည့် ငွေကြေးမှ ကောက်ခံခြင်း မရှိကြောင်း သိရသည်။

၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ် တွင် အခြေခံပညာ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း တို့သည် အခမဲ့ ပညာရေးဖြစ်ပြီး ကျောင်းသုံး ပုံနှိပ်စာအုပ်၊ ကျောင်းလခ၊ PTA ၊ ASL မည်သည့် အခကြေးငွေမျှ ကောက်ခံခြင်း မရှိဘဲ အခြေခံပညာ မူလတန်း ကျောင်းသား၊ ကျောင်းသူ အားလုံးအတွက် တစ်ဦးလျှင် ဗလာစာအုပ် ခြောက်အုပ်နှင့် ကျောင်းဝတ်စုံ တစ်စုံစီ အခမဲ့ ပေးဝေမည် ဖြစ်ကြောင်း သက်ဆိုင်ရာ ကျောင်းများ၌ ဆိုင်းဘုတ်များ ရေးချိတ် ထားသည်။

ရန်ကုန်တိုင်း ဒေသကြီးတွင် အခြေခံပညာ အထက်တန်း ကျောင်းခွဲ အပါအဝင် အခြေခံပညာ အထက်တန်းကျောင်း ၂၈၅ ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ အပါအဝင် အခြေခံပညာ အလယ်တန်းကျောင်း ၃ဝ၄ ကျောင်း၊ အခြေခံပညာ မူလတန်းခွဲ ကျောင်း၊ အခြေခံပညာ မူလတန်းလွန် ကျောင်း အပါအဝင် အခြေခံပညာ မူလတန်းကျောင်း စုစုပေါင်း ၂၇၁၆ ကျောင်းရှိပြီး ၂ဝ၁၃- ၂ဝ၁၄ ပညာသင်နှစ် ရန်ကုန်တိုင်း ဒေသကြီးအတွင်း သူငယ်တန်း ဝင်ရောက်မည့် အသက်ငါးနှစ် အရွယ် ကလေးဦးရေ ၁ဝ၆၃၉၅ ဦးနှင့် အမှန်တကယ် သူငယ်တန်း ဝင်ရောက်သည့် ကလေးဦးရေ ၁ဝ၅၆ဝ၆ ဦး ရှိကြောင်း သိရသည်။

ဝန်းရံခ

Themyawadydaily
http://myawady-myawady.blogspot.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment