အခုလာမယ့် အကယ်ဒမီထူးချွန်ဆုပွဲမှာ၂ဝ၁၄ခုနှစ်အတွက် အကယ်ဒမီနဲ့ ၂ဝ၁၅ခုနှစ် အတွက် အကယ်ဒမီထူးချွန်ဆုတို့ကို တစ်ပေါင်းတည်းပေးအပ်ကာ နောက်ကျနေတဲ့အကယ်ဒမီ တစ်နှစ် စာကို ချေဖျက်နိုင်ရန် ကြိုးစားစီစဉ်လျက်ရှိနေကြောင်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့နာယကကြီး ဦးနှင်းမိုးက ဆိုပါတယ်။
” အဲဒီအစီအစဉ်ကို ဖြစ်အောင် တော့ ကြိုးစားနေကြပါတယ်။ အဲဒီလိုလုပ်မှပဲ ရတော့မယ်။ မဟုတ်လို့ ကတော့နောက်နှစ်တွေ နောက်နှစ်တွေမှာလည်း အကယ်ဒမီဟာ တစ် နှစ်နောက်ကျနေဦးမှာပါ။ အခုနှစ်ကို အပင်ပန်းခံလိုက်နိုင်မယ်ဆိုရင် လာမယ့်နှစ်တွေမှာ အကယ်ဒမီဟာ ဒီနှစ်ပြတဲ့ဇာတ်ကားတွေကို ဒီနှစ်ထဲမှာပဲ အကယ်ဒမီပေးနိုင်တော့မှာပေါ့။ အမှန်ဆိုရင် အကယ်ဒမီဘုတ်အဖွဲ့တွေအနေနဲ့ နှစ်နှစ်အတွင်းက ဇာတ်ကားတွေကို မကြည့်နိုင်စရာ၊ အကဲမဖြတ်နိုင်စရာအကြောင်း မရှိလောက်ဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ကျွန်တော်တို့ ခေတ်တုန်းက တစ်နှစ်ကို ရုပ်ရှင်ကား ပေါင်း ၇ဝ၊ ၈ဝလောက်ထွက်တဲ့ အချိန်ထိတောင်မှ တစ်နှစ်တည်းမှာပဲ အကယ်ဒမီကိုပေးနိုင်ခဲ့တာပါ။ အခု ခေတ်ကအဲဒီလောက် ရုပ်ရှင်ဇာတ် ကားမများပါဘူး။ ၂နှစ်ပေါင်းမှ အလွန်ဆုံးရုပ်ရှင်ဇာတ်ကား ၃ဝ ကျော်ပေါ့ဗျာ။အကယ်ဒမီဘုတ် အဖွဲ့ တွေအနေနဲ့တော့ အကဲမဖြတ်နိုင် စရာအခက်အခဲတော့ ရှိလိမ့်မယ်မ ထင်ပါဘူး” လို့နာယကကြီးဦးနှင်းမိုး ကဆိုပါတယ်။ တကယ်လို့သာ အခုအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားနေတဲ့ အကယ်ဒမီ ထူးချွန်ဆု ပေးပွဲတစ်နှစ်နောက်ကျနေတာကို ချေဖျက်ဖို့ အခုတစ်နှစ်တည်းမှာပဲ ၂နှစ်စာပေါင်းပြီး ပေးအပ်တဲ့အစီ အစဉ်ဟာတကယ်သာအောင်မြင်ခဲ့ မယ်ဆိုရင် အကယ်ဒမီဆုပေးပွဲကို ၂ဝ၁၆ခုနှစ်မတ်လလောက်မှာသာ ပေးအပ်နိုင်ဖို့ ရှိနိုင်မယ်” လို့ နာယကကြီးဦးနှင်းမိုးက မှတ်ချက်ပြုပါတယ်။
” ဘာဖြစ်လို့လဲဆိုတော့ ၂ဝ၁၅အတွက်ရုပ်ရှင်ဇာတ်ကား တွေက ဒီဇင်ဘာလကုန်အထိကို ပြနေဦးမှာ ဆိုတော့ မတ်လလောက် ထဲမှာ အကယ်ဒမီပေးပွဲကို လုပ်နိုင် မယ့် သဘောပေါ့။ အကယ်ဒမီဆုကို ၂ နှစ်စာအတွက် ၂၂ ရုပ်ပေးရမှာပါ။တစ်နှစ်စာအတွက်၁ရုပ်စီပေါ့။ ဒီနှစ်မှာတော့အဲဒီဟာကို အကောင် အထည်ဖော်နိုင်ဖို့ ကျွန် တော်တို့တွေ အတော်ပြင်ဆင်ရပါမယ်။ အခုတော့အဲဒီအတွက်တိုင်ပင်နေကြ ပါပြီ။ဖြစ်လာနိုင်ဖို့တော့ကြိုးစား နေကြပါတယ်” လို့ နာယကကြီး ဦးနှင်းမိုးက မှတ်ချက်ပြုပါတယ်။ပြီးခဲ့တဲ့ ၂ဝ၁၃ခုနှစ်အတွက် အကယ်ဒမီထူးချွန်ဆုပေးအပ်ပွဲမှာ တော့ အကယ်ဒမီထူးချွန်ဆုတွေဖြစ် တဲ့အကောင်းဆုံးနောက်ခံတေး ဂီတဆု၊အကောင်း ဆုံးအမျိုးသား ဇာတ်ပို့ဆု၊ အကောင်းဆုံးအမျိုး သမီး ဇာတ်ပို့ဆု၊အကောင်းဆုံးအ မျိုးသား ဇာတ်ဆောင်ဆု၊ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆု၊အ ကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင် ဆု၊အကောင်းဆုံး ဒါရိုက်တာဆု(၆)ဆုကိုသာပေးအပ်ခဲ့ပြီး စက်မှုအ တတ်ပညာပိုင်းဆိုင်ရာထူးချွန် ဆုများ ကျန်ရစ်နေခဲ့တာကြောင့် အကယ်ဒမီစိစစ် အကဲဖြတ်အဖွဲ့တွေ ကိုဝေဖန်မှုများခံခဲ့ရဖူးပါတယ်။
ထက်လူ
Source:popularmyanmar.com

0 comments:
Post a Comment