နယ်ပယ်တစ်ခုကို မကျွမ်းကျင်ဘဲ လုပ်လျှင် အလိမ်ခံရမှုသာအဖတ်တင်မည်ဖြစ်ကြောင်း ဒါရိုက်တာ ဦးကြည်စိုးထွန်းပြော

ရုပ်ရှင်ဖြစ်ဖြစ်၊ ဂီတဖြစ် ဖြစ်၊ စာပေဖြစ်ဖြစ်၊ စီးပွားရေး နယ်ပယ်ဖြစ်ဖြစ်၊ ကိုယ်တိုးဝင် ချင်သည့် နယ်ပယ်တစ်ခုကို သေသေချာချာ၊ ဂဃနဏ မသိ ဘဲ ဖြစ်ချင်သည့် ဆန္ဒ၊   အောင် မြင်ချင်သည့် စိတ်ဆန္ဒတစ်ခု ကိုကြည့်ပြီး ကိုယ်က မည်သို့မျှ မကျွမ်းကျင်ဘဲတိုးဝင်လျှင် အောင်မြင်မှုရရှိမှာ မဟုတ် သည့်အပြင် အလိမ်ခံရမှုသာ နောက်ဆုံး အဖတ်တင် မည်ဖြစ် ကြောင်း ဒါရိုက်တာ ဦးကြည် စိုးထွန်းက ပြောသည်။ “လိမ် လည်မှုက ဒီခေတ်မှာတောင် မဟုတ်ဘူး။ ဟိုးအရင် ခေတ် ကတည်းကကို ရှိခဲ့တာ။ လိမ်တဲ့ သူနဲ့၊ အလိမ်ခံရသူတွေ အများ ကြီးပါပဲ။ ဒီခေတ်မှာလည်း အလိမ်ခံရသူတွေ အများကြီးပါ။ ပြောရရင် အလိမ်ခံချင်တဲ့ သူတွေလည်း အများကြီးပဲ။ အနုပညာသည် တစ်ယောက်ကို ကြည့်လိုက်။ သူ့ရဲ့ ပညာရယ်၊ သူ့ရဲ့ ဂုဏ်သိက္ခာရယ်။ ဒါလေး တော့ ကြည့်ရမယ်။ နောက် ကိုယ့်ရဲ့ စွမ်းရည်ပေါ့။ ကိုယ်မှ စွမ်းရည်မရှိဘဲနဲ့တော့ ဘယ်   လောက်တော်တဲ့ လူပဲဖြစ်ဖြစ် လုပ်မပေးနိုင်ဘူး။ သေချာ တယ်။ အဲဒီတော့ ကိုယ့်ကိုယ် ကိုယ်လည်း ချင့်ချိန်သွားတတ် မှ၊ မဟုတ်ရင် အလိမ်ခံရမှာပဲ။ အခု တချို့ နာမည်ကြီးသွားတဲ့ မင်းသားတွေဆိုရင် တကယ့်ကို ကြိုးကြိုးစားစားနဲ့၊ ထူးထူး ချွန်ချွန်နဲ့ သည်းခံပြီး လုပ်ကြ တယ်။ နေရာရသွားကြတယ်။ ငါပိုက်ဆံရှိတယ်။ မင်းသား လုပ်မယ်။ မင်းသမီးလုပ်မယ် ဆိုပြီး ပိုက်ဆံကို ပုံအောလို့ မရဘူး။ ဖြစ်ချင်ဇောနဲ့ မရ ဘူး။ ကိုယ့်အရည်အချင်း၊ အရည် အသွေးကို သိရမယ်။ကိုယ့် အင်အားကို ကိုယ်သိရ မယ်။ ပိတ်ကားပေါ်တက်တိုင်းလည်း မင်းသားဖြစ်တာ မဟုတ်ဘူး။ တီဗီမျက်နှာပေါ် တစ်ခါ၊ နှစ်ခါ တက်ရုံနဲ့ မင်းသား၊ မင်းသမီး ဖြစ်ပြီလို့ တစ်ထစ်ချ ယုံကြည့် လို့မရဘူး။ တကယ် ကိုယ့်ရဲ့ ပင်ကို အရည်အသွေးရှိနေမှ ဖြစ်မှာ။ ကိုယ့်မှာအရည်အချင်း မရှိဘဲ သွားလုပ်ရင် ဘယ်သူမှ ကယ်နိုင်မှာ မဟုတ်ဘူး။ အလိမ် ခံရဖို့ပဲ ရှိတယ်”ဟု ဒါရိုက် တာ ဦးကြည်စိုးထွန်းကပြောသည်။ အနုပညာလောကထဲကို အောက် ခြေသိမ်းကနေစပြီး ဝင်လာခဲ့ရ သောကြောင့် အနုပညာလော က အကြောင်းကို သေချာသိေ န ကြောင်း၊ သိနေသောကြောင့် လည်း လိမ်လည်လှည့်ဖျားခြင်း နှင့် အဝေးမှာရှိကြောင်းလည်း ပြောသည်။ “ဒီပညာကို တကယ် တတ်မှ ဒီလောကမှာ ရေရှည် ရပ်တည် လို့ရမယ်ဆိုတာကို ကြို သိထားတယ်။ ဒီပညာကို မတတ် ဘဲ ဒီလောကမှာ ရပ်တည်ဖို့ဆိုတာ မလွယ်ဘူး။ အဲဒါကို အရင် ဆုံး သိထားရမယ်။ နောက် တစ်ခုက ဆရာတို့ ဒါရိုက်တာ ဖြစ်လာတဲ့အချိန် ဒါရိုက်တာ ဖြစ်ချင်ခဲ့သူတွေရှိတယ်။ ထုတ် လုပ်ချင်တဲ့သူတွေလည်း ရှိတယ်။ အဲဒီတာ့ သူတို့ကို ဆရာက အရင် လုပ်ကြည့်ဦး။
ဒါရိုက်တာ ဖြစ်ချင်ရင် ဒါရိုက်တာတစ် ယောက်ရဲ့ လုပ်ငန်းဆောင် တာတွေ၊ သဘောသဘာဝတွေ ကို လေ့လာလုပ်ကြည့်ဦး။ ထုတ်လုပ်သူဖြစ်ချင်ခဲ့သူတွေ လည်း ထိုနည်း လည်းကောင်းပဲ။ လေ့လာလိုက်ဦးပေါ့။ မင်းသား သိပ်ဖြစ်ချင်နေရင်လည်း မင်း သားတွေကို အရင်လိုက်ပြီး လေ့လာလိုက်ဦး။ ဖြစ်ချင်တိုင်း ဖြစ်လို့မရဘူးဆိုတာ ကို ပြော   ပြတယ်။ အထူးသဖြင့် မိန်း ကလေးတွေက ယောက်ျားလေး တွေထက် သိပ်ဖြစ်ချင်ဇော အားကြီးတယ်။ အယုံလွယ် တာပေါ့နော်။ ဆရာတစ်ယောက် လို သဘောထားပြီး ကိုးကွယ် လိုက်မယ်။ ယုံကြည်လိုက်မယ် ဆိုရင် ဒါကသိပ်ကြောက်စရာ ကောင်းတယ်။ အဲဒါတွေလည်း အများကြီး တွေ့ကြုံဖူးတယ်။ စောစောက ပြောသလို ဒီပညာ ကို ငါဘယ်လောက်တတ်နေပြီ လဲဆိုတာကို သိဖို့လိုတယ်။ ဒါ အရေးကြီးဆုံးအချက်ပဲ။ ပိုက်ဆံ က ကိုယ်လုပ်ချင်သလို လုပ် မပေးနိုင်တဲ့အခါတွေရှိတယ်။
ကိုယ်ကိုယ်တိုင် တတ်နေ၊ တော် နေ ၊ သိနေမှဖြစ်မယ်။ ဒီတော့ ကြိုးစားပါ။ ဖြစ်ချင်ဇောမကြီး ပါနဲ့။ ဖြစ်ချင်ဇောကြီးရင်တော့ လိမ်ညာမယ့်သူတွေလည်း အများကြီးပဲ။ အခွင့်ကောင်းကို ယူပြီး လိမ်သွားတော့မှာ။ အဲဒီ မှာ အလိမ်ခံရတော့တာပါပဲ” ဟု ဒါရိုက်တာကြည်စိုးထွန်းက ပြော သည်။ဂီတဆိုလည်း ဂီတ အလျှောက်၊ ရုပ်ရှင်ဆိုလည်း ရုပ်ရှင်အလျှောက် နယ်ပယ်က ကျယ်ဝန်းလှသည့်အတွက် ဖြစ် ချင်သည့် သူများနှင့်အတူ လိမ်ညာမည့်သူများကလည်း တဖြည်းဖြည်းနဲ့များပြားလာ ကြောင်း လည်းပြောသည်။      ”
အခု သရုပ်ဆောင်ဖြစ်ချင်တဲ့ ကလေးတွေ များလာတာ တွေ့ ရတယ်။ သရုပ်ဆောင် အနု ပညာအလုပ်က လူပေါင်းသန်း နဲ့ချီမှ တစ်ယောက်ဖြစ်ဖို့ ခက် တဲ့အလုပ်ဆိုတော့ စဉ်းစားလို့ တောင်ရတယ်။ ကိုယ်ဘယ် လောက်ကြိုးစားအားထုတ်ရ မလဲဆိုတာကိုပေါ့။ အနုပညာအလုပ်ကို ဝါသနာပါရင် မတား ဘူး။ တိုးဝင်ပြီးလုပ်ကြည့်။ ဒါပေမဲ့ စိတ်ဓာတ်ခိုင်မာရမယ်။ တိုးဝင်ပုံမှန်ကန်ရမယ်။ ဝီရိယ ရှိရမယ်။ အားစိုက်ထုတ်ရ မယ်။ ကြိုးစားရမယ်။ ကြိုးစား တဲ့ နေရာမှာ သာမန်ကြိုးစားလို့ မရဘူး။ တစ်သိန်းမှာ တစ် ယောက်၊ တစ်သန်းမှာတစ် ယောက်ဖြစ်တဲ့ ကိစ္စဆိုတော့ ဘယ်လောက်ကြိုးစားရမလဲဆို တာ အဖြေက ပေါ်နေပြီ” ဟု လည်း ကြိုးစားမှုပုံစံနှင့် ပတ် သက်ပြီးလည်း ဒါရိုက်တာ ဦး ကြည်စိုးထွန်းက ပြောပါသည်။ အလိမ်ခံရပြီဆိုကတည်းက ကိုယ်နှိုက်က ညံ့၍ဖြစ်ကြောင်း လည်းပြောသည်။ “ဆရာက ဒီ လောကထဲမှာ နှစ်တွေ အများ ကြီး ကျင်လည်လာတာ။ ဒီတော့ ဘယ်သူလူကောင်း၊ ဘယ်သူက ဘာဆိုတာကို သိတယ်။ သိနေ တော့ ဘာမှပြဿနာ မရှိဘူး။ စဉ်းစားကြည့်။ အလိမ်ခံရပြီ ဆိုကတည်းက ကိုယ်ညံ့လို့ပဲ။ ဖြစ်ချင်ဇော အားကြီးလို့ လုပ် လိုက်ရင်းကနေအလိမ်ခံရတာ။ သူများကို အကဲမခတ်တတ်တာ။ လုပ်ငန်းသဘောအပေါ် နား မလည်တာ။ နောက် ကိုယ်လုပ် ချင်တာ  တစ်ခုကို မကျွမ်းကျင် တာ။ အဲဒါတွေပါတယ်။ အမှန် တော့ ယုံတယ်ဆိုတဲ့ အလုပ်က သိပ်မဟုတ်ဘူးထင်တယ်။ ဘုရား ကလွဲပြီး ယုံစရာ သိပ်မရှိဘူး လို့ထင် တယ်။  ဒီတော့ကာ လူ တွေအလိမ်ခံကြရတယ်။ တကယ် တော့ ပြောရရင် လောဘပဲ။ လောဘစိတ်ကြောင့်  မှားကုန် ကြတယ်။ ဒါလေးကို ချင့်ချင့်ချိန် ချိန်စဉ်းစားရမယ်။   လောဘစိတ် ကို သတ်ပြီး မှန်မှန်ကန်ကန်ဖြစ် အောင် ကြိုးစားရမယ်။ ဒီလိုဆို ရင်အလိမ်ခံရမှာလည်း မဟုတ် တော့ဘူး။ ဒီတော့ လောဘစိတ် ကို အတတ်နိုင်ဆုံး ငြိမ်းအောင် သတ်ကြပါလို့ပြောချင်ပါတယ်” ဟု ဒါရိုက်တာ ဦးကြည်စိုးထွန်း က ပြောပါသည်။
Mဘွယ်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment