တူနီးရှား အကြမ်းဖက် တိုက်ခိုက်ခံမှု ၂၇ ဦး ထက် မနည်း သေဆုံး


တူနီးရှား အကြမ်းဖက်တိုက်ခိုက်ခံမှု (ဇွန် ၂၆၊ ၂၀၁၅)
 မြေထဲပင်လယ် ကမ်းရိုးတန်းက ဟိုတယ်တခုအနီးမှာ အကြမ်းဖက်သမားတွေ တိုက်ခိုက်တာကြောင့် လူ ၂၇ ဦးထက်မနည်း သေဆုံးသွားတယ်လို့ တူနီရှား အာဏာပိုင်တွေက ပြောပါတယ်။ Souse မြို့မှာရှိတဲ့ Imperial Marhaba ဟိုတယ် အနီး ကမ်းခြေမှာ သေနတ်သမားတွေက ပစ်ခတ်ခဲ့တာလို့ ပြည်ထဲရေး ၀န်ကြီးဌာန အရာရှိတွေက ပြောပါတယ်။

အဲဒီကမ်းခြေဟာ ဥရောပနဲ့ အာဖရိကမြောက်ပိုင်း နိုင်ငံတွေက လာရောက် လည်ပါတ်သူတွေကြား လူကြိုက်များတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒီအကြမ်းဖက် သမားတွေရဲ့ တိုက်ခိုက်မှုအပေါ် လုံခြုံရေးတပ်ဖွဲ့တွေက နှိမ်နင်း အပြီးမှာ သေဆုံး သူတွေထဲ သေနတ်သမား အနည်းဆုံး တဦးပါဝင်တယ်လို့ သတင်းတွေ မှာ ဖေါ်ပြကြပါတယ်။

အသေးစိတ် အချက်အလက်တွေကိုတော့ ခုချိန်ထိ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ မတ်လအတွင်း Tunis မြို့က Bardo ပြတိုက်ကို အစ္စလာမ် စစ်သွေးကြွ သေနတ်သမားတွေက ၀င်ရောက်ပစ်ခတ် တာကြောင့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည် အဖွဲ့တဖွဲ့ သေဆုံးခဲ့ပြီးချိန် ကတည်းက တူနီးရှားမှာ လုံခြုံရေးတိုးမြှင့်ထားတာပါ။ အဲဒီပြတိုက်ကို တိုက်ခိုက်မှုဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံး တိုက်ခိုက်မှုတခုလည်းဖြစ်ပါတယ်။

ဒီအတောအတွင်း ကူဝိတ်မြို့တော်က ဗလီတခုကို ဗုံးခွဲတိုက်ခိုက်တာမှာ လူ ၁၀ ဦးထက်မနဲသေဆုံးသွားပြီး ဒီတိုက်ခိုက်မှုနဲ့ ပါတ်သတ်လို့ ဒါဟာ သူတို့လက်ချက်ဖြစ် တယ်လို့ IS စစ်သွေးကြွတွေက ပြောပါတယ်။ IS စစ်သွေးကြွတွေနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ Najd Province လို့ သူတို့ဘာသာ အမည်ပေးထားတဲ့ အဖွဲ့က ဒီတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာလို့ပြောပြီး သောကြာနေ့ ၀တ်ပြုဆုတောင်းသူတွေကြား ဒီဗုံးကို ဖေါက်ခွဲလိုက်တာပါ။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment