အားကစားလောကကို ဒီ့ထက်ပို ၀န်းရံနိုင်လေလေ ပိုပြီး တိုးတက်လေလေ ဖြစ်မှာပါလို့ ဆိုလိုက်တဲ့ ထွန်းထွန်း


၂၀၁၅ ထဲမှာ ကားရိုက်အရမ်းစိပ်လာတဲ့ ထွန်းထွန်းက လက်ရှိမှာ လူတွေအာရုံကို ဖမ်းစားထားတဲ့ အားကစားရေးရာ အကြောင်းနဲ့ ပတ်သက်ပြီး "အားကစားနဲ့ပတ်သက်လို့ပြောရရင် ဘောလုံးကို အရမ်းကြိုက်တယ်။ အားကစားထဲမှာလဲ ဘောလုံးကို အကြိုက်ဆုံးပဲ။ ကျွန်တော် U 20 ရော ၊ U 23 ရောရဲ့ ပွဲတွေကို မလွတ်တမ်းကြည့်တယ်။ အားလဲအားပေးတယ်။ ဂုဏ်တက်စရာတွေလဲ ဖြစ်ခဲ့ပါတယ်။ အခုလဲ ကျွန်တော်တို့ထက်ပြီးတော့ အကောင်းဖက်ကိုပဲ မျှော်လင့်ထားတယ်။ နောက်ပြီး ဒီအသင်းကြီးကလဲ အခု ထိုင်းမှာသွားပြီးခြေစစ်ပွဲကန်နေတယ်။ ဟိုတနေ့ကိုရီးယားကို ၂ - ၀ နဲ့ရုံးတယ်။ လာအိုက ၂-၂ နဲ့သရေကျထားတော့ တစ်မှတ်တော့ရထားတာပေါ့။ အားပေးပါတယ်ခင်ဗျ။ အားကစားပိုင်းကိုပြောရရင် ချီးမြှင့်မြှောက်စားသင့်တဲ့ဟာကို ဖေ့ဘွတ်ခ်အခေါ်အဝေါ်နဲ့ပြောရရင် ၀န်းရံတာပေါ့။ ဒီ့ထက်ပိုပြီးကောင်းမွန်တဲ့ ၀န်းရံမှုတွေ လုပ်နိုင်လေလေ ကျွန်တော်တို့ရဲ့ အားကစားလောက ပိုပြီးတိုးတက်လာလေလေ ဖြစ်မှာပါ။ ဘောလုံးတစ်ခုတည်း အားကစား မဟုတ်ပါဘူး။ တခြားရွှေတံဆိပ်ယူနိုင်တဲ့ အားကစားတွေလဲ ရှိပါတယ်။ ဒီ့ထက်ပိုပြီး ၀န်းရံနိုင်လေ အကောင်းဆုံးပဲလို့ကျွန်တော်ထင်ပါတယ်။"လို့ သူက ပြောသွားပါတယ်။
သိသိသာသာ အားနည်းသွားတဲ့ ဂီတလှုပ်ရှားမှုအပိုင်းနဲ့ လက်ရှိမှာ လက်ခံရိုက်ကူးနေတဲ့ စားတယ်ဆိုတဲ့ ကားကြီးအကြောင်းကိုတော့ သူက " အခုရိုက်နေတဲ့ကားလေးက ဦးရိုင်းရဲ့ ကိုတင့်တို့ရပ်ကွက်လိုမျိုး စားတယ်ဆိုတဲ့ ကားလေးမှာ ဦးကျော်ဇောလင်းခေါ်လို့ပါဖြစ်တာပါ။ ဒီ အခုနောက်ပိုင်းကတော့ ကားကြီး တော်တော်များများမှာလဲ ပါဝင် သရုပ်ဆောင်ဖြစ်တယ်။ ဟာသကားလေးတွေလဲ ဖြစ်တယ်။ ကိုယ့်အနုပညာမောင်နှမတွေလဲ စုံတဲ့အတွက် ၀င်ရိုက်ဖြစ်တာပါ။ စူပါစတား အမ်တီဗီကတော့ မနက်ဖြန် ကိုဝင်းလွင်ထက်နဲ့ ကရဗီနဲ့တစ်ခုရိုက်မယ်။ နောက် ၂၃ ရက်နေ့ကျရင် သီဟဒိုင်နိုနဲ့ လွှမ်းပိုင် ၊ ထက်ထက် ပေါ့။ လှုပ်ရင်းခါ အဲ့ဒီ ၂ပုဒ်ရိုက်ပြီးရင် ပြီးပါပြီ။ ဒီ ၂၀၁၅ ထဲမှာ ဗီဒီယိုနဲ့ရုပ်ရှင်ရိုက်ကူးရေး အပိုင်းကို ပိုပြီး ခပ်စိပ်စိပ်နဲ့လှုပ်ရှားလာပါတယ်။ သီချင်းသီဆိုမှု အပိုင်းကတော့ သိသိသာသာ အားနည်းသွားပါတယ်။ ကျွန်တော်ဒီ၂ နှစ် ၃ နှစ်ကတော့ ရုပ်ရှင်ရိုက်ကူးရေးနဲ့ပဲ ကျွန်တော် ကျင်လည်နေဦးမှာပါ။ အမ်တီဗီ ထွက်ပြီးသွားရင်လဲ ကျွန်တော်ရုပ်ရှင် ဗီဒီယိုရိုက်ကူးရေးကိုပဲ ခပ်စိပ်စိပ် လုပ်သွားမှာပါ။ တစ်ကိုယ်တော် solo အနေနဲ့ရော၊ Examplez အနေနဲ့ရောက ထွက်ဖို့က အချိန်အတိုင်းအတာ တစ်ခုထိကြာပါဦးမယ်။ လောလောဆယ်ကထွက်ဖို့မရှိသေးပါဘူး"တဲ့။
Source:trend.com.mm

Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment