ဖေ့စ်ဘွတ်ခ်စာမျက်နှာတွေပေါ်မှာ ပြန့်နေတဲ့ ကျွန်မကနှင်းဆီပါမောင် ဇာတ်ကားရဲ့ ဇာတ်သိမ်းပိုင်းလေးကို ကြည့်မိလိုက်တယ်လို့ဖွင့်ဟလာတဲ့ မို့မို့မြင့်အောင်


ရုပ်ရှင်လောကရဲ့ သရုပ်ဆောင်ပညာမှာ ကဝေလို့တောင် တင်စားခေါ်ဝေါ်ခံရတဲ့ မို့မို့မြင့်အောင်ဟာ သူမရဲ့အနုပညာလှုပ်ရှားမှုတွေ ငြိမ်သက်နေပေမယ့် လက်ရှိမှာ ကားကြီးတွေကိုပဲ ဦးစားပေးရိုက်ကူးနေတော့မယ်လို့ သိရတာကြောင့် သူမနဲ့ ဆုံတွေ့ခိုက် သိချင်တာတွေကို မေးမြန်းကြည့်လိုက်တဲ့အခါ "ဗီဒီယိုကို သိပ်မရိုက်ကြတော့တာက ထုတ်လုပ်သူတွေအနေနဲ့ ဗီဒီယိုက အမြတ်မရှိဘူး။ အကြွေးတင်တာပဲရှိတယ်။ ငွေမပေါ်ကြဘူး။ မင်းသားသစ်လေးတွေ ကိုဖြစ်စေချင်လို့တင်ပေးပြန်တော့လဲ အမြတ်မရှိဘူး။ အောင်မြင်ချင်လို့ ရိုက်တာမျိုးပဲ ရှိတယ်။ အဲ့ဒါကြောင့် ဗီဒီယိုဈေးကွက်က ပျက်သလိုလိုဖြစ်နေတယ်။ ရုပ်ရှင်ကားတွေကအရင်လို ဖလင်လဲ မလိုတော့ဘူး။ ရုံတွေလဲ အရင်ကထက် များလာတဲ့အတွက် ရုပ်ရှင်ဖက်ကို ပိုပြီး အားဖြည့် ရိုက်ကူးလာကြတယ်။ ဗီဒီယိုဈေးကွက်ကျတော့လဲ မပျက်စေချင်ဘူး။ ဘာကြောင့်လဲဆိုတော့ နယ်မှာရုပ်ရှင်ရုံတွေမရှိဘူး။ ဗီဒီယိုလေးပဲကြည့်ရတာ အဲ့ဒါကြောင့် ကိုယ့်ပရိသတ်ရဲ့ရင်ထဲကို ဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် ကိုယ်ကရောက်ချင်တယ်။ ဒါအနုပညာသမားတစ်ယောက်ရဲ့မေတ္တာ ၊ စေတနာပေါ့။ ဗီဒီယိုလောကလေးကိုလဲ သက်ဝင်လှုပ်ရှားစေချင်တယ်။ ရုံတင်ကားကျတော့ လဲ မှတ်ကျောက်တင်နိုင်တာပေါ့ကွယ်။ ဗီဒီယိုက ခိုးကူးခွေမရှိရင်တော့ ဆက်လက်ရှင်သန်နေဦးမယ်လို့ထင်တယ်။
ခုကားကြီးတွေကိုပြန်ရိုက်ကြပြန်တော့လဲ ဟိုတလောကဖြစ်တဲ့ နှင်းဆီပါမောင်လို link တွေပြန့်တာမျိုးတွေပေါ့။ ဟိုတနေ့က အဲ့ဒီလိုဖြစ်တော့ ကိုယ်တောင် ရှုတင်မသွားခင်လေး နောက်ဆုံးခန်းလေးကို သိချင်တော့ ၀င်ကြည့်လိုက်မိတယ်။ အစပိုင်းတွေတော့ မကြည့်ဘူး။ ၀တ္ထုတစ်ပုဒ်ဆိုရင်တောင် မို့ကနှမြောတယ်။ အကုန်မဖတ်ဘူး။ နည်းနည်းချင်းစီ ဖဲ့ပြီးဖတ်တယ်။ သူတို့ကားလေးက အရမ်းလဲ နာမည်ကြီးတယ်။ ကောင်းတယ်ဆိုတာလဲ သိသာတယ်။ ကိုယ်ကိုတိုင်တောင် မအောင့်နိုင်လို့ ဇာတ်သိမ်းပိုင်းလေးကိုကြည့်မိလိုက်တယ်။ အရှေ့ပိုင်းကိုမကြည့်တာက သူတို့ခမျာမှာ အနုပညာ အားထုတ်မှုရော၊ ငွေရေးကြေးရေး အားဖြည့်မှုရော အများကြီး ရင်းနှီးထားရတာ။  ဒါကိုပေါချောင်ကောင်းနှို က်ကြည့်လိုက်ရင် ကိုယ့်အနုပညာလောကသား အချင်းချင်း သစ္စာဖောက်သလိုဖြစ်သွားမှာကြောက်တယ်။ အဲ့ဒါကြောင့် အရှေ့ဟာကို ရုံမှာပဲသွားကြည့်မယ်ဆိုပြီး စိတ်ကူးထားတယ်။ မို့တို့ ဟိုတလောကထွက်တဲ့ နဂါးငွေ့တန်းဆိုတဲ့ကားလေး ကိုရန်အောင်၊ ပြေတီဦး၊ ချစ်သုဝေ ရောကားကောင်းလေး နယ်ရော၊ ရန်ကုန်ရော မဖြန့်ရသေးခင် အင်တာနက်မှာ အရင်ပေါက်သွားတယ်။ ပရိသတ်ရင်ထဲရောက်အောင် ပို့ပေးတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ထုတ်လုပ်သူတွေပိုက်ဆံရမှ ကိုယ်တွေက အသက်ဆက်နိုင်မှာ။ ထုတ်လုပ်သူတွေကိုလဲ ပြန်ကြည့်ရဦးမှာပေါ့။ အဲ့ဒါကြောင့်စည်းလေး၊ ကမ်းလေးတော့ ရှိရမှာပေါ့"လို့ သူမက ပြောပြခဲ့ပါတယ်။
လတ်တလောမှာ မို့မို့မြင့်အောင်ဟာ လပ်ကီးဆဲဗင်းကရိုက်တဲ့ ရပ်ကွက်ထဲကဘုရင်မ ဆိုတဲ့ကားမှာ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပြီး ဒီကားမတိုင်ခင်တုန်းကတော့ မောင်မျိုးမင်း ( ရင်တွင်းဖြစ် ) နဲ့ ကားကြီး တစ်ကားရိုက်ဖြစ်တယ်လို့ ဆိုသွားပါတယ်။
 Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment