ထိုင်းဘုရင်အား စော်ကားသူ သူရူးကို နိုင်ငံ့ဂုဏ်သရေညှိုးနွှမ်းစေမှုဖြင့် အကျဉ်းချ


ထိုင်းနိုင်ငံသားတစ်ဦးဟာ စိတ်ဝေဒနာခံစားနေရတာမှန်ပေမယ့် နိုင်ငံ့ဂုဏ်သရေညှိုးနွှမ်းစေမှု နဲ့ ဇွန်လ ၂၅ရက်နေ့မှာ ထောင်ဒဏ် ၃နှစ်နဲ့ ၄လချမှတ်ခံခဲ့ပါတယ်။
ထိုသူရူး၏ အမည်မှာ Thanet Nonthakot ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့ နိုင်ငံ့ဂုဏ်သရေညှိုးနွှမ်းစေမှုကို ကျူးလွန်ခဲ့တဲ့ ဒုတိယမြောက်လူလည်းဖြစ်ပါတယ်။ ဒီဥပဒေဟာ ကမ္ဘာ့အတင်းကျပ်ဆုံး ဥပဒေများအနက်က တစ်ခုအပါအ၀င်ပါပဲ။ Thanet ဟာ လွန်ခဲ့တဲ့ ၄နှစ်က ထိုင်းဘုရင်ထံ အီးမေလ်ပို့ခဲ့ပြီး ၄င်းအီးမေလ်တွင် ထိုင်းဘုရင်အား စော်ကားထားသော အကြောင်းအရာများ ပါရှိတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ပြစ်မှုဥပဒေပုဒ်မ ၁၁၂အရ၊ ဘုရင်၊ မိဖုရားနဲ့ အမွေဆက်ခံသူတွေကို စော်ကားပါသူမည်သူမဆို ထောင်ဒဏ် ၁၅နှစ်အထိ ကျခံရမှာဖြစ်ပါတယ်။ တရားခွင်မှာ Thanetဟာ စိတ်ဝေဒနာခံစားနေရသူ ဖြစ်ကြောင်းကို စိတ်ပညာရှင်တစ်ဦးက စမ်းသပ်သိရှိခဲ့ပေမဲ့ Thanet ဟာ တရားရင်ဆိုင်ဖို့အတွက်လောက်တော့ ကျန်းမာခဲ့ပါတယ်။
သူ အီးမေလ်ပို့တုန်းက သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ရှိခဲ့လား၊ မရှိခဲ့ဘူးလားဆိုတာကို တရားပြိုင် Thanet က သက်သေမပြနိုင်ဘူး။” လို့ တရားသူကြီးကပြောပါတယ်။ Thanet ဟာ ထောင်ဒဏ် ၅နှစ်ချမှတ်ခံခဲ့ရတာဖြစ်ပေမဲ့ သူ့ရဲ့ အသုံးဝင်လှတဲ့ တရားရုံးထွက်ဆိုချက်တွေကြောင့် ၃နှစ်နဲ့ ၄လထိ အလျှော့ပေးခံခဲ့ရတာပါ။
Ref:AFP
Source:trend.com.mm
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment