ရဲအယောင်ဆောင်ပြီး၊ ပစ္စည်းလုယက်သူ လေးဦးအနက် နှစ်ဦးဖမ်းဆီးရမိ


မန္တလေး ဇွန် ၂၃

နိုင်လင်းအောင်(၂၄နှစ်) တံခွန် တိုင်အဝိုင်းအနီး၊ ပြည်ကြီးတံခွန် မြို့နယ်နေသူနှင့် သူငယ်ချင်းများ ဖြစ်သည့် ဇေယျာလင်း၊ ဖိုးသား၊ စိုးလင်းတို့သည် လော်ဂျား-၁၁ဝ ဆိုင်ကယ်တစ်စီးဖြင့် လျှောက် လည်ခဲ့ပြီး ဇွန် ၂၂ ရက် ညဘက် သန်းခေါင်ကျော်ခန့်တွင် အောင်မြေ သာစံမြို့နယ် (၆၆ လမ်း၊ ၁၄x၁၅ လမ်းကြား)၊ အလုပ်သမား ဆေးရုံ ရှေ့ ကျုံးဘေးပလက်ဖောင်းပေါ် တွင်ထိုင်၍ စကားပြောနေစဉ် နက်ပြာရောင် ဝတ်ဆင်ထားသူ တစ်ဦး အပါအဝင် လူလေးဦး ဆိုင်ကယ် တစ်စီးဖြင့် ရောက် ရှိလာကာ ၄င်းတို့က ''ငါတို့က ရဲတွေ၊ မင်းတို့ လေးဖက် ထောက်''ဟုပြော၍ လေးဖက် ထောက်ပေးခဲ့ရာ ၄င်းတို့က ဝမ်းဗိုက်တို့ကို ခြေထောက်နှင့်ကန် ကြောက်ကာ နိုင်လင်းအောင်တို့ တွင် ပါသောငွေကျပ် ၁ဝဝဝဝ ကျော်နှင့် OPPO-R 829 အမျိုးအစား အဖြူရောင်လက်ကိုင် ဖုန်းကိုလုယူခဲ့ပြီးနောက် ဝတ်ဆင် ထားသော ဘောင်းဘီခါးပတ်တို့ကို ချွတ်ခိုင်းနေစဉ် လုယက်ထားသော လက်ကိုင်ဖုန်းအား နက်ပြာရောင် ဝတ်ဆင်ထားသူထံမှ ပြန်လည်လုယူ ကာ ထွက်ပြေးခဲ့ကြပြီး ပတ်ဝန်းကျင် သို့ အော်ဟစ်အကူအညီတောင်းခံခဲ့ သည်။

ထိုသို့ အကူအညီတောင်းခံစဉ် နိုင်လင်းအောင်တို့ စီးနင်းလာသော ဆိုင်ကယ်အား နက်ပြာရောင်ဝတ် ဆင်ထားသည့် အမျိုးသားက ဆော့ ကတ်ဖြုတ်၍ ယူဆောင် မောင်းနှင် ထွက်ပြေးမည်ပြုရာ လှည့်ကင်းလှည့် လည်နေသော ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ဝိုင်းဝန်းဖမ်းဆီးခဲ့ သဖြင့် လူလေးဦးအနက် နှစ်ဦးကို ဖမ်းဆီးရမိခဲ့သည်။

ရဲအယောင်ဆောင် ဝတ်ဆင် ထားသောသူနှင့် ကျန်တစ်ဦးမှာ ထွက်ပြေးသွားကြောင်းနှင့် ဖမ်းဆီး ရမိသူနှစ်ဦးမှာ ဂေါဝိန်ဆိပ် ကမ်း၊ စိန်ပန်းရပ်ကွက် မဟာ အောင်မြေမြို့နယ်နေသူ ဖြိုးဝေ လွင် (၂၄နှစ်)နှင့် မြို့ပတ်လမ်း အောင်ချမ်းသာရပ် ပုသိမ်ကြီး မြို့နယ်နေသူ စိုးဝေလွင်(၂ဝနှစ်) တို့ဖြစ်ပြီး ၄င်းတို့ကို ဇွန် ၂၂ ရက် နံနက် ၃ နာရီ မိနစ် ၅ဝ က အောင်မြေသာစံမြို့နယ် အမှတ်(၁) နယ်မြေရဲစခန်းက အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်း၊ ထွက်ပြေးနေသူ နှစ်ဦးကို အမြန်ဆုံးဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိပြီး ဖမ်းဆီးရမိ သူနှစ်ဦးကို ဆက်လက်စစ်ဆေး ကာ တရားစွဲဆိုသွားမည်ဖြစ် ကြောင်း သိရသည်။

တင်မောင် (မန်းကိုယ်ပွား)
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment