မော်တော်ဆိုင်ကယ် အချင်းချင်း အရှိန်ပြင်းစွာ မျက်နှာချင်းဆိုင် တိုက်မိရာမှ အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး ပွဲချင်းပြီး သေဆုံး


တာချီလိတ်မြို့ ပါဆပ်ကားလေးကွင်းအနီးတွင် ၂၀၁၅ခုနှစ် ဇွန်လ(၂၁)ရက် ည(၉း၁၀)နာရီခန့်က အသက်(၁၅)နှစ်အရွယ် လူငယ်တစ်ဦး မော်တော်ဆိုင်ကယ် မျက်နှာချင်းဆိုင် မတော်တဆ တိုက်မိရာမှ နေရာ၌ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဉ်မှာ အသက်(၁၅)နှစ်အရွယ်ရှိ မောင်ကျိုင်းအင်သည် ကားလေးကွင်းအနီး ဗိုလ်ချုပ်လမ်းမပေါ်တွင် တစ်ဦးတည်း မော်တော်ဆိုင်ကယ်အား ပါလျှံမီးပွိုင့်မှ အာခါဈေးမီးပွိုင့်ဘက်သို့ မောင်းနှင်လာရာ ၎င်း၏ ရှေ့တွင် မောင်းနှင်နေသော မော်တော်ယာဉ်အား ကျော်တက်စဉ် တစ်ဖက်လမ်းကြောတွင်လည်း ယာဉ်အားကျော်တက်၍ မောင်းနှင်လာသူ အသက်(၁၉)နှစ်ရှိ မော်ဇော်လွင်မိုး၏ မော်တော်ဆိုင်ကယ်တို့ အရှိန်မထိန်းနိုင်ပဲ မျက်နှာခြင်းဆိုင် တိုက်မိရာမှ ယခုလို ဖြစ်ပွားရတာဖြစ်ကြောင်း တာချီလိတ်ယာဉ်ထိန်းရဲတပ်ဖွဲ့၏ စစ်ဆေးချက်အရ သိရသည်။

ထိုသို့ ဖြစ်ပွားမှုကြောင့် အသက်(၁၉)နှစ်ရှိ မောင်ဇော်လွင်မိုးသည် ဦးခေါင်းယာဘက် ဂျိုဇောင်းပေါက်ပြဲ ဒဏ်ရာ၊ ၀ဲဘက်လက်ကောက်၊ ယာတံတောင်၊ ၀ဲခြေခုံးပွန်းပဲ့၊ ၀ဲဘက်ပေါင်ဖူးယောင် စသည့် ဒဏ်ရာ အသီးသီးရရှိခဲ့ပြီး အသက်(၁၅)နှစ်ရှိ မောင်ကျိုင်းအင်မှာ ယာနားထင်ဖူးယောင်ကာ ယာနားနှင့်နှာခေါင်းမှ သွေးများထွက်ပြီး ယာဉ်တိုက်မှုဖြစ်သည့် နေရာ၌ပင် သေဆုံးသွားကြောင်း သိရသည်။

ယခုလို ဖြစ်ပွားသည့် ကိစ္စနှင့် ပတ်သက်၍ မော်တော်ဆိုင်ကယ်အား မိမိလမ်းဘက်မှ ကပ်၍ မောင်းနှင်ခြင်းမရှိဘဲ အရှိန်ပြင်းစွာ လမ်းအလယ်တွင် မျက်နှာချင်းဆိုင် တိုက်မိပြီး ဒဏ်ရာရရှိခြင်း၊ သေဆုံးသွားခြင်းတို့ကြောင့် သေဆုံးသူ မောင်ကျိုင်းအင် နှင့် ဒဏ်ရာဖြင့် ဆေးဝါးကုသမှု ခံယူနေသူ မောင်ဇော်လွင်မိုးတို့အား တာချီလိတ်မြို့မရဲစခန်းမှ (ပ)၃၀/၂၀၁၅၊ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄-ကအရ အမှုဖွင့် ထားရှိကြောင်း သိရှိရသည်။

Tachileik News Agency
http://www.tachileik.net/2015/06/15yr.html
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment