အရေးကြီးပုဒ်မနှစ်ခုလုံး မပြင်ဖို့ လွှတ်တော်မှာ မဲခွဲဆုံးဖြတ်

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ခုကို ပြည်ထောင်စုလွှတ်တော်မှာ လျှို့ဝှက်မဲခွဲဆုံးဖြတ်ရာမှာ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ထားတဲ့ ပုဒ်မ ၅၉(စ)နဲ့ ဖွဲ့စည်းပုံပြင်ရေး ပုဒ်မ ၄၃၆ တွေကို ကန့်ကွက်မဲပေးသူများတာကြောင့် ပုဒ်မ ၂ ခုစလုံးကို မပြင်ဆင်ဖို့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်လိုက်ပါတယ်။

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ဒီနေ့ လျှို့ဝှက်မဲပေးခဲ့တဲ့ ကိုယ်စားလှယ် ၅၈၃ ရဲ့ ဆန္ဒမဲတွေကို ရေတွက်အပြီးမှာ အခုလိုကြေညာခဲ့ပါတယ်။

dassk-vote-parliament-620.JPG
ပြပြည်ထောင်စုလွှတ်တော်မှာ ဇွန်လ ၂၅ ရက်နေ့က ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်တဲ့ မူကြမ်းထဲက ပုဒ်မခွဲ ၆ခုကို လျှို့ဝှက်မဲခွဲရာ ဒေါ်အောင်ဆန်းစုကြည် မဲပေးနေစဉ်နစဉ်
Photo: RFA


"ပုဒ်မ ၅၉(ဃ)ပြင်ဆင်ဖို့အတွက် ထောက်ခံဆန္ဒမဲ ၅၅၆ မဲဖြစ်ပါတယ်၊ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံ တဲ့အတွက် ပြင်ဆင်ရေး ဆက်လက်ဆောင်ရွက်သွားမှာဖြစ် ကြောင်း အတည်ပြုကြေညာပါတယ်၊ ပုဒ်မ ၅၉(စ) ပြင်ဆင်မှုအတွက် ထောက်ခံဆန္ဒမဲ ၃၇၁ မဲဖြစ်ပါတယ်၊ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း မကျော်တဲ့ အတွက် အတည်မပြုကြောင်း ကြေညာပါတယ်"

ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် စုစုပေါင်း ၆၃၃ ယောက် ရှိပြီး ကိုယ်စားလှယ် ၅၀ က ခွင့်ယူခဲ့တဲ့အတွက် တပ်မတော်သားကိုယ်စားလှယ်တွေ အပါအ၀င် ၅၈၃ ယောက်က မဲပေးခဲ့တာဖြစ်ပါတယ်။

အဲဒီပြင်ဆင်ထားတဲ့ ပုဒ်မခွဲတွေကို လွှတ်တော်ကိုယ်စားလှယ် ၇၅ % ကျော်ဖြစ်တဲ့ ကိုယ်စားလှယ် ၄၇၅ ယောက်က ထောက်ခံမှ ပြင်ဆင်နိုင်တာဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ခွင့်ကို တားဆီးထားဆဲဖြစ်တဲ့ ပုဒ်မ ၅၉(စ) ကို မူကြမ်းပါအတိုင်း ပြင်ဆင်ပေး ဖို့ ထောက်ခံတာ ၃၇၁ ယောက်သာရှိပြီး ပုဒ်မ ၄၃၆ (က) ကို ပြင်ဆင်ဖို့ ထောက်ခံသူ ၃၈၈ ယောက်သာရှိတဲ့ အတွက် ၇၅ % မကျော်တာကြောင့် ရှုံးနိမ့်သွားတာဖြစ်ပါတယ်။

အဲဒီ့မူကြမ်းမှာပါတဲ့ ပုဒ်မ ၅၉(စ)အတိုင်းကို အများစုက ထောက်ခံရင်လည်း ပြင်ဆင်ချက်မှာ သား သမီးတွေ နိုင်ငံခြားသားမဖြစ်ရဘူးလို့  ကန့််သတ်ထားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ သမ္မတဖြစ်ခွင့် မရှိသေးပါဘူး။

နိုင်ငံတော်သမ္မတ အရည်အချင်းသတ်မှတ်တဲ့ ပုဒ်မ ၅၉(စ) (ဃ)၊ ပုဒ်မ ၆၀(ဂ)၊ တပ်မတော်ထံ အာဏာလွှဲအပ်တဲ့ ပုဒ်မ ၄၁၈ (ခ)၊ ဖွဲ့စည်းပုံပြင်ဆင်တဲ့ ပုဒ်မ ၄၃၆ (က) (ခ) တို့ကို ပြည်ထောင်စုလွှတ်တော်မှာ ကိုယ်စားလှယ် ၃၇ ယောက်က ၃ရက်ကြာ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။
Source:rfa.org burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment