ငြမ်းပြိုကျ၍ သေဆုံးသူနှစ်ဦးအတွက် ဉာဏ်ဆောက်လုပ်ရေးက ကရုဏာကြေး ကျပ် ၃၅ သိန်းစီပေး



မင်္ဂလာမန္တလေးစီမံကိန်း ဟိုတယ်ဆောက်လုပ်ရေးလုပ် ငန်းခွင်တွင် သံငြိမ်းပြိုကျပြီး သေ ဆုံးခဲ့သည့် လက်သမားနှစ်ဦးအ တွက် ဉာဏ်ဆောက်လုပ်ရေးက ကရုဏာကြေး ကျပ် ၃၅သိန်းစီပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

သံငြိမ်းပြိုကျမှုတွင် သေဆုံး ခဲ့သည့် အသက်(၁၈) နှစ်နှင့် အ သက် (၂၀) နှစ်အရွယ် အမျိုးသား နှစ်ဦး၏ မိသားစုဝင်များအား က ရုဏာကြေးကို စာချုပ်ဖြင့် လွှဲ ပြောင်းပေးအပ်ခဲ့ပြီး နာရေးကုန် ကျစရိတ်များကိုလည်း ဆောင် ရွက်ပေးခဲ့ကြောင်း ဉာဏ်ဆောက် လုပ်ရေးတာဝန်ခံဦးဉာဏ်ကပြော သည်။

‘‘အခုခြေထောက်ဖြတ်လိုက် ရတဲ့ ဆန်းမြင့်အောင်ကို အားလုံး အဆင်ပြေအောင်လုပ်ပေးသွား မှာပါ။ အခုဆေးရုံတက်နေတဲ့အ တွက် ဘာမှမပြောသေးတာပါ’’ ဟု ဦးဉာဏ်က ပြောသည်။

သံငြမ်းစင်ပြိုကျပြီး ဒဏ်ရာ ရရှိကာ ဆေးရုံတက်၍ ဆေးကုသ မှုခံယူနေသူများနှင့် ဒဏ်ရာ ကြောင့် နေအိမ်များတွင်အနားယူ နေသူများအား အလုပ်ပြန်လည် လုပ်ကိုင်သည့်နေ့အထိ နေ့တွက် လုပ်ခများပေးမည်ဟု ဉာဏ် ဆောက်လုပ်ရေးမှ သိရသည်။

‘‘အရင်တုန်းက သတ်မှတ် ထားတဲ့နှုန်းထားတွေက ပြင်ထား တာမရှိတဲ့အတွက် နှုန်းထားတွေ က နည်းတယ်။ ကာလအားလျော် စွာနဲ့ လျော်ကြေးကို ညှိနှိုင်းကြ တာများတယ်။ ၃၅ သိန်းက များ တာနည်းတာထက် အလုပ်ရှင် ဘက်က ပေါ့လျော့လို့ဖြစ်တာဆို ရင် ရာဇ၀တ်ကြောင်းအရလျှောက် ထားနိုင်တယ်။ သေဆုံးတဲ့သူ ဘက်ကရတဲ့ လျော်ကြေးက ကာလ ပေါက်ဈေးထက်နည်းတယ်ဆိုရင် တရားမကြောင်းအရလည်း လျှောက်ထားနိုင်တယ်။ အဲဒီကျ ရင်တော့ ထိုက်သင့်တဲ့အဖြေ ထွက်လာမှာပါ’’ဟု မြန်မာနိုင်ငံခုံ သမာဓိကောင်စီမှ အလုပ်သမား ကိုယ်စားလှယ် အထက်တန်းရှေ့ နေဦးဌေးက ပြောသည်။

မင်္ဂလာမန္တလေးစီမံကိန်းမှ အထပ် ၁၂ ထပ်တည်ဆောက်မည့် ပူးလ်မန်းဟိုတယ် ဆောက်လုပ် ရေးလုပ်ငန်းခွင်တွင် ဇွန်လ ၂၀ ရက် နေ့လယ်က ဟိုတယ်ရေကူး ကန်ကွန်ကရစ်လောင်းနေစဉ် အောက်ခံသံငြမ်းပြိုကျ၍ အလုပ် သမား ၂၁ ဦးဒဏ်ရာရရှိပြီး နှစ် ဦးသေဆုံးခဲ့သည်။
Source:7day daily
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment