တရုတ်ခွဲစိတ်ကု ဆရာဝန်တစ်ဦးမှ အရှင်လတ်လတ်ကြွက်တွေမှာ စမ်းသပ်မှုအောင်မြင်စွာ ပြုလုပ်ပြီးတဲ့နောက်မှာတော့ ဦးခေါင်းအစားထိုး ကုသမှု မကြာခင် လက်တွေ့ဖြစ်လာနိုင်ခြေရှိပါတယ်။
Harbin Medical University မှ ပါမောက္ခ Ren Xiaoping ဟာ ၂၀၁၃ ကတည်းက ကြွက်ကောင်ရေ ၁,၀၀၀ ထက် မနည်း ခွဲစိတ်မှုတွေပြုလုပ်ခဲ့ကြောင်း Wall Street Journal သတင်းအရ သိရပါတယ်။
Ren အဖွဲ့ဟာ အသက်ရှည်ရှည် ဆွဲဆန့်ပေးနိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။ ခုချိန်ထိတော့ ဦးခေါင်းစားထိုးအောင်မြင်စွာ ကုသပြီးနောက်ပိုင်း တစ်ရက်နဲ့ အထက်သာ အသက်ရှင်နိုင်သေးတာဖြစ်ပါတယ်။
ပါမောက္ခ Ren အနေနဲ့ ဒီနေ့နှောင်းပိုင်း မျောက်ဦးခေါင်း အစားထိုးကုသမှု ဆက်လက်ပြုလုပ်သွားဖို့ မျှော်လင့်ထားပါတယ်။
ဘယ်တော့ လူဦးခေါင်း အစားထိုး ကုသနိုင်မလဲ မပြောသေးပေမယ့် ဦးခေါင်းအစားထိုး ကုသမှုတွေဟာ ကျောရိုးနဗ်ကြော ထိခိုက်တာ၊ ကင်ဆာရောဂါနဲ့ ကိုယ်အင်္ဂါချည့်နဲ့ ရောဂါ စတဲ့ ဝေဒနာတွေရှိပေမယ့် ပကတိအတိုင်း ဦးနှောက်ကျန်းမာနေသူတွေကို အထောက်အကူဖြစ်စေလိမ့်မယ်လို့ Prof Ren က ဆိုပါတယ်။
Ref: AsiaOne
Source:trend.com.mm
0 comments:
Post a Comment