ထိုင်းနိုင်ငံ ထုတ်လုပ်ရေးက ရိုက်ကူးမယ့် မဆလ ခေတ်နောက်ခံ ရုပ်ရှင်ဇာတ်ကား အကြောင်း နေတိုးပြော


ထိုင်းနိုင်ငံ ရုပ်ရှင်ထုတ်လုပ်ရေး တစ်ခုက ရိုက်ကူး တင်ဆက်မှာဖြစ်တဲ့ မဆလ ခေတ်နောက်ခံ ရုပ်ရှင်ဇာတ်ကား အတွက် မြန်မာနိုင်ငံက နာမည် ကျော် မင်းသား အကယ်ဒမီ နေတိုးကို လာရောက် ကမ်းလှမ်းခဲ့ တာကို ရိုက်ကူးပေးဖို့ အတွက် အကယ်ဒမီ နေတိုးက အတည်ပြုလိုက်ပါတယ်။
အကယ်ဒမီ နေတိုးကတော့ အဲ့ဒီဇာတ်ကားကို ရိုက်ကူးပေးဖြစ်ဖို့ လက် ခံလိုက်တာ နဲ့ ပတ်သက်ပြီး “သူတို့ကနေပြီး ကျွန်တော့်ဆီကို တိုက်ရိုက် ဆက် သွယ်လာတယ်။ ဒီဇာတ်ကား ရိုက်ချင်တယ် လို့ပြောတယ်။ ဒီဇာတ်လမ်းက ကျွန်တာ် နဲ့လိုက်ဖက်မယ့် ဇာတ်လမ်းပေါ့။ မြန်မာပြည်မှာ ရိုက်ကူးမယ့်၊ မြန်မာ နိုင်ငံ လိုကေးရှင်းတွေ နဲ့ ရိုက်ကူးမယ့် ဇာတ်ကား တစ်ကားဖြစ်တယ်လို့ ပြောပြီး တော့ ကျွန်တော့်ဆီကို ဆက်သွယ်ပါတယ်။ ပူးပေါင်းပြီး ရိုက်ကူးတဲ့ သဘော မဟုတ်ဘူးပေါ့။ ထိုင်းနိုင်ငံကပဲ အကုန်အကျ ခံရိုက်မှာပေါ့။ အဓိကကတော့ နိုင်ငံခြား ဇာတ်ကား တစ်ကားအတွက် ကျွန်တော့်ကို “ငှား” ရိုက်တဲ့သဘောပါ။ မြန်မာမင်းသား တစ်ယောက် လိုချင်လို့ ငှားရိုက် တဲ့ သဘောပါ။
အဲဒီမှာမှ ကျွန်တော့်အနေ နဲ့ဇာတ်ကို လက်ခံဖြစ်တာဟာ ဘာကြောင့် လဲဆိုတာ ရှိတယ်လေ။ သူများနိုင်ငံက ကိုယ့်နိုင်ငံနဲ့ ပတ်သက်ပြီး ရိုက်တယ် ဆိုရင် အတော် များများ သည် လူမျိုးရေးဆိုတဲ့ ဘာညာနဲ့ အများ ကြီးရှိခဲ့ဖူးတယ်။ အဲ့ဒီတော့ ကျွန်တော်ကလည်း ဇာတ်ကို ကြည့်ရသေးတယ်။ ဇာတ်ကိုကြည့် လိုက်တော့ တအားကို Classics ဖြစ်ပြီးတော့ ဇာတ်လမ်းလေးက နှစ်လိုဖွယ် ကောင်းနေတယ်။ ပြီးတော့ ကိုးဆယ် ရာခိုင်နှုန်းလောက်က မြန်မာရဲ့ အငွေ့ အသက်တွေ ကို ဖော်ကျူးထားတာ ဆိုတော့ ဒီရုပ်ရှင် ဇာတ်ကားသည် မြန်မာ ရုပ်ရှင် ဒါရိုက်တာ၊ မြန်မာ ထုတ်လုပ်သူတွေ သာဖြစ်ရင်တော့ ပိုကောင်းမှာ ပဲလို့ တွေးမိသေးတယ်။ ကျွန်တော့် အနေ နဲ့ ကတော့ သူတို့က ကျွန်တော့် အနုပညာကို လေးစားတယ် ။ယုံကြည်နေတယ်။ အမြတ်တနိုးရှိ နေတယ်ဆိုတော့ အဲ့ဒီ ထုတ်လုပ်ရေးကို လည်း နှစ် သက် မိသွားတာလည်း ပါ တယ်။ အဲဒါကြောင့်မို့ ကျွန်တော်က ဒီဇာတ်ကား ကို ရိုက်ကူးပေးဖို့ လက်ခံဖြစ်ခဲ့ တာပါ”လို့ ပြောပြပါတယ်။
အဲ့ဒီဇာတ်ကား ရိုက်ကူးဖို့အတွက်ကို စီစဉ်နေကြပြီး ဇာတ်ကား နာမည်ကိုတော့ ပြောပြလို့ မရသေးကြောင်းပြောတဲ့ နေတိုးက “ကျွန်တော့်ရဲ့ ကာရိုက်တာ ပိုင်း ကတော့ မဆလခေတ် ကို ရည်ရွယ်ပါတယ်။ ပို့စ်ကတ်ပို့တဲ့ ကောင်လေးပေါ့။ စာတိုက်ကနေ ပို့စ်ကတ် ပို့တဲ့ခေတ် ကာလကို နှစ်လိုဖွယ် ရိုက်ကူး င်ပြမယ့် ဇာတ်ကားဖြစ် လာမှာပါ” လို့ ပြောပါတယ်။ ဒါ့အပြင် နေတိုးက ၂ဝ၁၅ ခုနှစ်အတွင်းမှာ နောက်ထပ် ရုပ်ရှင် ဇာတ်ကား ၄ ကားလောက် ရိုက်ကူးဖို့လည်း စီစဉ်နေတာတွေ ရှိပါတယ်။
ဒီ့အပြင် အကယ်ဒမီ နေတိုးက သူပါဝင်ရိုက်ကူးထားတဲ့ “ကျွန်မက နှင်းဆီပါမောင်” ရုပ်ရှင်ဇာတ် ကားကြီး ပရိုမိုးရှင်း အမှတ်တရ အနေဖြင့် ဇွန်လ ၁၂ ရက်နေ့က ရန်ကုန် မြို့၊ သမ္မတ ရုပ်ရှင်ရုံမှာ ပရိသတ် တွေနဲ့ ရင်းနှီးစွာတွေ့ဆုံခဲ့ပြီး အမှတ်တရ လက်မှတ် များလည်း ရေးထိုးပေးခဲ့ ပါတယ်။ အကယ်ဒမီ နေတိုး ကတော့ အခုလိုမျိုး ပရိသတ်တွေ နဲ့ တွေ့ဆုံခွင့် ရတဲ့ အတွေ့အကြုံ နဲ့ပတ်သက်ပြီး “ကျွန်တော်တို့ ဒီလိုမျိုး လက်မှတ် လာထိုးပေးတဲ့ အဓိက ရည်ရွယ်ချက်က ပရိုမိုး ရှင်း လုပ်တယ် ဆိုတာထက် ပရိသတ်နဲ့ အမှန်တကယ် ထိတွေ့ချင်တာပါ။ အပြင်မှာ တိုက်ရိုက် တွေ့ခွင့်ရ တယ်။ အဲဒီအတွက် ကျွန်တော် ကိုယ်တိုင်လည်း ကျေနပ်တယ်။ ဇာတ် ကား တစ် ကားအောင်မြင်တဲ့ ပီတိထက် ပရိသတ်နဲ့ ထိတွေ့ခွင့်ရတဲ့ ပီတိကလည်း ကျွန်တော့်ကို ပီတိ တစ်မျိုး ပေးနိုင်ခဲ့ပါတယ်”လို့ ပြော ပါတယ်။
ထက်လူ၊
ဓာတ်ပုံ-အောင်ဇော်မင်း
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment