ကွန်ပျူတာ၊ အင်တာနက်၊ တယ်လီဖုန်းစသော ခေတ်မီနည်းပညာများ အသုံးပြု၍ ကူးယူခြင်းများပြုလုပ်ပါက အီလက် ထရောနစ်ဆက်သွယ်ရေး ဥပေဒအရ ထိရောက်စွာ အရေးယူမည်


ဇွန်လ ၁၂ ရက်နေ့ကမှ ရန်ကုန် မြို့တွင် ရုံတင်ပြသနေသည့် “ကျွန်မက နှင်းဆီပါမောင်” ဇာတ်ကားသည် ရုံတင်ပြီး သိပ်မကြာခင် ၃ ရက်မြောက်နေ့၌ အွန်လိုင်းပေါ်တွင် အရုပ်၊အသံ၊ ကွာလတီအရည်အသွေးပြည့်ဝစွာဖြင့် ထွက်ပေါ်လာသောကြောင့် အဆိုပါဇာတ်ကားနှင့် ပတ်သက်သည့် အထူးသတိပေးကြေညာချက်ကို ဇွန်လ ၁၉ ရက်နေ့က ထုတ်ပြန်လာခဲ့သည်။
” ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားဟာ ၃ ရက်အတွင်း ဖေ့စ်ဘုတ်၊ Youtube အပါအဝင် ဆိုရှယ်နက်ခ်ဝက်ဝေါ့(က်)ပေါ်မှာပျံ့နှံ့နေခဲ့ပြီ။ ဒီလိုပျံ့နှံ့သွားတာဟာ အနု ပညာလောကကြီး ခြိမ်းခြောက်ခံရတာပေါ့။ အထူးသဖြင့် ရုပ်ရှင်လောကကြီးကို ဖျက်ဆီးဖို့အတွက် စတင်အစပျိုးခံလိုက်ရသလိုပါပဲ။ ကိုယ်ပိုင်တယ်လီဖုန်းတွေ ဆီ ကို ရောက်သွားတော့ တစ်ယောက်နဲ့တစ်ယောက် ရှယ်ကြမှာပါပဲ။ လွယ်လွယ်ကူကူကြည့်လို့ ရသွားတာကိုး။ အဲဒါဟာ ရုပ်ရှင်လောကကို ထိခိုက်တာပါပဲ။ ဥပဒေ ပိုင်း အရ ပြောရရင် မြန်မာနိုင်ငံမှာ ၁၉၁၄ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ရက်နေ့ကတည်းက မြန်မာနိုင်ငံမူပိုင်ခွင့် ဥပဒေဆိုတာကို ပြဋ္ဌာန်းထားပါတယ်။ ဒါဟာတည်ဆဲ ဥပဒေ ပါ။ အခု အဲဒါနဲ့လည်း အရေးယူလို့ရပါတယ်။ နောက်တစ်ခုကတော့ အီလက် ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေးဥပဒေဆိုတာကို ၂ဝ၁၄မှာ ပြဋ္ဌာန်းထားပြီးပြီ ဆိုတော့ အဲဒါနဲ့ လည်းအရေးယူလို့ ရနေပါတယ်။ အဲဒီတော့ ဒီဇာတ်ကားကို အမှတ်တမဲ့လေးတောင်မှ မယူမိပါနဲ့တော့။
ထပ်လည်းမပွားပါနဲ့တော့။ အနုပညာရှင်တွေကို တကယ်ချစ်ရင် အဲဒီလိုအားမပေးပါနဲ့ တော့” ဟု ရုပ်ရှင်ဒါရိုက်တာတစ်ဦးလည်းဖြစ်သူ တရားလွှတ်တော်ရှေ့နေ ဦးအောင် စိုးဦးက ပြောပြသည်။ကျွန်မက နှင်းဆီပါမောင် ဇာတ်ကားကို တယ်လီဖုန်းထဲ၌ လက်ဝယ်ထားခြင်း၊ စီဒီ (သို့မဟုတ်) ဒီဗီဒီတို့ဖြင့် ကူးယူထားခြင်း၊ လူမှုကွန်ရက် စာ မျက်နှာဖေ့စ်ဘုတ်ပေါ်၌ post  တင်ထားခြင်းများရှိပါက ပယ်ဖျက်ပေးပါရန် မေတ္တာရပ်ခံထားပြီး အကယ်၍ကွန်ပျူတာ၊ အင်တာနက်၊ တယ်လီဖုန်း စသော ခေတ် မီနည်း ပညာ များ အသုံးပြု၍ ကူးယူခြင်းများ ပြုလုပ်ပါက၊ အီလက် ထရောနစ် ဆက်သွယ်ရေးကို တရားမဝင်ဆောင်ရွက်ပါက အီလက်ထရောနစ် ဆက်သွယ်ဆောင် ရွက်ရေး ဥပဒေအပါအဝင် တည်ဆဲဥပေဒများနှင့် ထိရောက်စွာ အရေးယူမည် ဖြစ်ပါကြောင်း အသိပေးတားမြစ်ထားသည်။
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment