ဆင်ဆာမရှိတော့တဲ့အတွက်တာဝန်ပိုရှိလာတယ် ရသ


‘တတိယမျက်လုံး’ အခွေ အတွက်ပြင်ဆင်နေတဲ့ ဟစ်ဟော့ပ် အဆိုတော် ရသက အခုခေတ်မှာဆင်ဆာ မရှိတော့တဲ့အတွက် အခွင့်အလမ်းတွေပိုရှိလာသလို တာဝန်တွေ လည်း ပိုလာတယ်လို့ပြောပါတယ်။ မိမိဆိုလိုက်တဲ့စကားလုံး တစ်လုံးချင်းစီအတွက် မိမိမှာတာဝန်အပြည့်ရှိကြောင်းကို ရသက ”ကျွန်တော်တို့လည်း ဒီမိုကရေစီ ယဉ်ကျေး မှုနဲ့ ကြီးပြင်းလာတာမဟုတ်တဲ့အတွက် ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်မှုတွေရှေ့မှာ အများကြီးလုပ်ခဲ့တာတွေရှိပါတယ်။ တကယ်တမ်းက ဒီလူလုပ်နေတာတွေကို မကြိုက် ဘူး ဆိုရင်တောင် သူ့ရဲ့မူကိုပဲ ပြောလို့ရပါတယ်။ သူ့ရဲ့ ပုဂ္ဂိုလ်ရေးကို  ပြောလို့မရပါဘူး”လို့ ပြောပါတယ်။
ဇူလိုင်လ ၂၄ ရက်နေ့မှာ ‘တတိယမျက်လုံး’လို့ အမည်ပေးထားတဲ့ ရသရဲ့တေးစီးရီးသစ်ပထမပိုင်းကို အွန်လိုင်းကနေရောင်းချမှာဖြစ်ကြောင်းလည်း သိရပါတယ်။ ရသကို ‘တတိယမျက်လုံး’ နဲ့ပတ်သက်လို့ ဘယ်လိုစီစဉ်ထားလဲလို့ မေးကြည့်တဲ့အခါ ”တတိယမျက်လုံးဆိုတဲ့ဟာကလည်း ထူးထူးခြားခြား၊ဆန်းဆန်းပြားပြားမဟုတ်ပါဘူး။ ပထမ ပုဂ္ဂိုလ်၊ ဒုတိယပုဂ္ဂိုလ်၊ တတိယပုဂ္ဂိုလ်ဆိုပြီး အင်္ဂလိပ်စာသဒ္ဒါထုံးမှာ ရှိခဲ့ဖူးတယ်လေ။ ကိုယ့်ကိုတစ်ယောက် ယောက် ကပြောရင်ကိုယ်က ဒုတိယလူပေါ့။ ကိုယ်က ပြောလိုက်တယ်ဆိုရင် ပထမ ပုဂ္ဂိုလ်ပေါ့။ အဲဒီအထဲမှာပဲ ပိတ်နေတာတော်တော်ကြာခဲ့ပါပြီ။ အဲဒီတော့ကျွန်တော်က တတိယပုဂ္ဂိုလ်အနေနဲ့ငါဆိုတာလည်း မ ရှိတော့ဘူး။ သူဆိုတာလည်း မရှိတော့ဘဲနဲ့အဲဒီထက်ကျယ်ပြန့်တဲ့ အနုပညာတစ်ခုရအောင် ကြိုးစားချင်တဲ့အတွက်ကြောင့်မို့ လို့ပရိသတ်ဆီမရောက်သေးတဲ့ သီချင်း မျိုးတွေနဲ့ကျွန်တော်တင်ပြချင်တဲ့မက်ဆေ့ခ်ျတစ်ခုခုနဲ့ ကိုတွဲပြီးတော့ အပိုင်း ၃ ပိုင်းပိုင်းပြီးတော့ ထွက်မှာပါ” လို့ ရသကပြောပါတယ်။
‘တတိယ မျက်လုံး’ကို အွန်လိုင်းကနေ ထွက်ရှိမယ့် အပိုင်း ၃ ပိုင်းပြီး နောက်ပရိသတ် အသံကိုနားထောင်ပြီးအမ်တီဗီရိုက်ကူးသွားမှာဖြစ်ကြောင်း၊ အမ်တီဗီ ရိုက်ကူးပြီးမှ အခွေအဖြစ်ထွက်ရှိမှာဖြစ်ကြောင်းလည်း ရသက ဆက်လက်ပြောပါတယ်။  ရသအနေဖြင့် ဂီတလောကထဲ သို့ ၂ဝဝ၂ ခုနှစ်လောက်က စတင်ဝင်ရောက်ခဲ့ပြီး ‘ကိစ္စမရှိဘူး’ ‘မြန်မာပြည်တွင် လုပ်သည်’တစ်ကိုယ်တော်တေးစီးရီးခွေ ခွေနဲ့ အတွဲခွေတော်တော်များများမှာ ပါဝင်သီဆိုထားပါတယ်။ Firecracker, Legendary, Myanmar Hip Hop Association(M.H.A)စတဲ့ဟစ်ဟော့ပ်အဖွဲ့အစည်းတွေမှာလည်းရသကပါဝင်လှုပ်ရှားခဲ့ဖူးပါတယ်။
မျိုးမောင်
Source:popularmyanmar.com
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment