လွှတ်တော်မှာ စက်ခလုပ်နှိပ် ကိုယ်စားပြုမဲပေးခွင့် ပိတ်ပင်

 ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပနေစဉ် Photo: RFA

 လွှတ်တော် ကိုယ်စားလှယ်တွေ အနေနဲ့ စက်ခလုတ်နှိပ်မဲပေးရာမှာ တခြားကိုယ်စားလှယ်တွေ အတွက်ပါ မဲပေးတာတွေ မပြုလုပ်ကြဖို့ ပြည်ထောင်စု လွှတ်တော်ရုံးက ညွှန်ကြားချက် ထုတ်ပြန်လိုက်ပါတယ်။

စက်ခလုပ်နှိပ်မဲပေးရာမှာ ကိုယ်စားလှယ်တွေက ကိုယ်စား မဲပေးခိုင်းတာတွေ ရှိတာကြောင့် အခုလို ညွှန်ကြားချက် ထုတ်ပြန်တာဖြစ်တယ်လို့ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

"မတ်တပ်ရပ် မဲခွဲတာမျိုးကတော့ လူနဲ့ကိုယ်စားလုပ်လို့ မရဘူးပေါ့နော်၊ စက်ခလုပ်ကျတော့ အနီးကလူကနှိပ် လို့ရတယ်၊ ကာယကံရှင်ကလည်း မှာလို့နှိပ်ကြတာပါ၊ အဲ့ဒါကို ခွင့်မပြုဘူးဆိုတော့လည်း ဟိုဟာဖြစ်ရုံပါပဲ၊ ဥပမာ ကျနော်ဆိုလို့ရှိရင် အပေါ့အပါးသွားရင်းနဲ့ ဘေးကလူကို ဥပဒေကြမ်းဘက်က ထောက်ခံပေးပါဆိုပြီး ကျနော်ကိုယ်တိုင်မှာပြီး မဲပေးခိုင်းတာရှိပါတယ်၊ စက်ခလုပ်နဲ့ မဲပေးတာတွေက သိပ်အရေးကြီးတဲ့မဲတွေ မဟုတ်ပါဘူး"

ပြည်ထောင်စုလွှတ်တော်ရဲ့ ညွှန့်ကြားစာမှာ လွှတ်တော် အစည်းဝေး ခန်းမအတွင်း ဓါတ်ပုံ၊ ဗွီဒီယို ရိုက်ကူးခြင်း မလုပ်ဖို့ ၊ လွှတ်တော်အစည်းအဝေးအတွင်း ကိုယ်စားလှယ်တွေအနေနဲ့ စာရွက်စာတမ်း ဖြန့်ဝေလိုရင် လွှတ်တော်နာယက သူရဦးရွှေမန်းရဲ့ ခွင့်ပြုချက်ရယူပြီးမှသာ ဆောင်ရွက်ဖို့နဲ့ လွှတ်တော်ကျင်းပနေချိန်မှာ အစည်းဝေးခန်းမကနေ ထွက်ခွာဖို့ရှိမယ်ဆိုရင် ကိုယ်စားလှယ်ကတ်ပြား အပ်နှံရမယ်ဆိုတဲ့ အချက်တွေလည်း ပါဝင်ပါတယ်။

ဒါ့အပြင် အရင်က သတင်းမီဒီယာတွေကို လွှတ်တော်တွင်းမှာ သတင်းယူခွင့်ပေးခဲ့ပေမယ့် အခုပိတ်ပင်လိုက်ပြီ ဖြစ်ပါတယ်။

RFA Burmese
http://www.rfa.org/burmese
Share on Google Plus

About Editor

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.
    Blogger Comment
    Facebook Comment

0 comments:

Post a Comment