၂၀၁၂ ခုနှစ်က ပို့ဆက်ဒ် ဘောလုံးကွင်းမှာ ပရိသတ်တွေ သောင်းကျန်းခဲ့မှုကြောင့် လူ ၇၀ ကျော်သေဆုံးခဲ့ရတဲ့ အမှုအတွက် အီဂျစ်တရားရုံးက ပြစ်မှုကျူးလွန်တဲ့ ပရိသတ် ၁၁ ဦးကို သေဒဏ်ချမှတ်လိုက်ပါတယ်။
အခြား ၁၄ ဦးကို ထောင်ဒဏ် ၁၀ နှစ်နဲ့ ၁၅ ဦးကို ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်တွေ အသီးသီးချမှတ်ခဲ့ပြီး ကျန် ၂၁ ဦးကိုတော့ အပြစ်မရှိကြောင်း တွေ့ရှိရလို့ တရားသေ လွှတ်ပေးလိုက်ပါတယ်။
ထောင်ဒဏ် ၅ နှစ် ပြစ်ဒဏ်ချခံရသူတွေထဲမှာ ပို့ဆက်ဒ်ဘောလုံးကွင်း လုံခြုံရေး အကြီးအကဲဟောင်းလည်း ပါဝင်ပါတယ်။
ပရိသတ် သောင်းကျန်းမှု အဆိုးဝါးဆုံးအဖြစ် အီဂျစ်ဘောလုံးသမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့တဲ့ အဲ့ဒီအဖြစ်အပျက်မှာ လူ ၇၀ ကျော်သေဆုံးပြီး ၁၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
ရုပ်သံထုတ်လွှင့်မှုတွေနဲ့ မျက်မြင်သက်သေတွေကို စုံစမ်းစစ်ဆေးခဲ့ပြီး တရားရုံးက အခုလို ပြစ်ဒဏ်တွေ ချခဲ့တာဖြစ်ပါတယ်။
By ဒီဗွီဘီ
http://burmese.dvb.no
0 comments:
Post a Comment